ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေအတွက် စိတ်ပျက်ခဲ့တဲ့ PSG နည်းပြ

0
184

ဖေဖော်ဝါရီ ၁၅ ၊ ၂၀၁၈

ယနေ့နံနက်ပိုင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ရီရဲမက်ဒရစ်နဲ့ PSG အသင်းတို့ရဲ့ ပွဲစဉ်မှာ ကွင်လယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေအတွက် စိတ်ပျက်ခဲ့ရတယ်လို့ PSG နည်းပြ ယူနိုင်းအမ်မရီက ဆိုပါတယ်။

အဆိုပါပွဲစဉ်မှာ အိမ်ရှင် ရီးရဲမက်ဒရစ် အသင်းက ၃ – ၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်း ၃၃မိနစ်မှာ PSG တို့ အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ရာဘီအိုတီက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ၄၅မိနစ်မှာ ရီးရဲ ကစားသမား တိုနီခရူး ၂၂ကိုက်စည်းအတွင်း ဒိုင်ဗင်ပစ်ခဲ့ရာကနေ ရီးရဲမက်ဒရစ်တို့ ပင်နယ်တီကန်ခွင့်ရရှိခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီကို စီရော်နယ်ဒိုက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်အသင်းဟာ ချေပဂိုး ပြန်လည် ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ရီရဲမက်ဒရစ်အသင်းခေါင်ဆောင် ဆာဂျီရိုရာမို့စ် ၂၂ကိုက်စည်းအတွင်း လက်ထိဘော ကျူးလွန်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်က PSGအတွက် ပင်နယ်တီ မပေးခဲ့ပါဘူး။ သည့်နောက်မှာတော့ စီရော်နယ်ဒိုက ဒုတိယဂိုး၊ မာဆယ်လိုက တတိယဂိုးတွေ သွင်းယူပြီး ရီးရဲမက်ဒရစ်တို့အိမ်ကွင်းမှာ ၃ – ၁ နဲ့ အနိုင် ရရှိခဲ့ပါတယ်။

“ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေကို မပြောချင်ပါဘူး။ ဒီနေ့ပွဲမှာ ကျွန်တော့်အသင်းဟာ ဒိုင်ရဲ့ မျက်နှာသာ ပေးမှုကို မရခဲ့ပါဘူး။ တိုနီခရူး လဲကျတဲ့အတွက်ပင်နယ်တီပေးလိုက်ရတယ်။ ရာမို့စ် လက်ထိဘောကျတော့ ကျွန်တော်တို့ ပင်နယ်တီ မရခဲ့ပါဘူး။ ဘာပဲ ဖြစ်ဖြစ် အဝေးဂိုးတစ်ဂိုး ရထားတဲ့အတွက် ပျော်ပါတယ်။ သူတို့ကလက်ရှိ ချန်ပီယံဖြစ်သလို ချန်ပီယံလိဂ်မှာလည်း ရေပန်းစားတဲ့အသင်းပါ။ ဒုတိယအကျော့က ကျွန်တော်တို့အတွက် မျှော်လင့်ချက် ရှိနေပါသေးတယ်”ဟု ယူနိုင်းအမ်မရီက ဆိုပါတယ်။

PSG နဲ့ ရီးရဲမက်ဒရစ် တို့ရဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်ကို မတ်လ ၆ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

NN

Leave a Reply