ဘာစီလိုနာကစားသမားဘ၀နဲ့ လီဗာပူးလ်ကစားသမားဘ၀ကို နှိုင်းယှဉ်ပြခဲ့တဲ့ ကော်တင်ဟို

0
180

ဖေဖော်ဝါရီ ၁၄ ၊ ၂၀၁၈

ဇန်န၀ါရီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်းနဲ့ လီဗာပူးလ်ကနေ ဘာစီလိုနာကို ရောက်သွားတဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာ ကစားသမားဘ၀ဖြတ်သန်းမှု တစ်လ ပြည့်ချိန်မှာ လီဗာပူးလ်နဲ့ ဘာစီလိုနာအကြား ကစားခဲ့ရတဲ့ အခြေအနေကို ဖွင်ဟလာခဲ့ပါတယ်။

အဆိုပါဘရာဇီးကစားသမားဟာ ဘာစီလိုနာကို ရောက်ရှိချိန်မှာ ဒဏ်ရာကြောင့် ပွဲစဉ်အချို့ကို လွဲချော်ခဲ့ပါတယ်။ ယခုအခါမှာတော့ ဘာစီလိုနာကစားသမားဘ၀နဲ့ သွင်းဂိုးတစ်ဂိုးပါ ရရှိထားပြီ ဖြစ်ပါတယ်။

“အသင်းတစ်သင်းထဲမှာ ကစားသမားကောင်းတွေနဲ့ အတူတူကစားရတဲ့ အတွေ့အကြုံဟာ အရမ်းကောင်းပါတယ်”လို့ ကော်တင်ဟိုက ဆိုပါတယ်။

ကော်တင်ဟိုဟာ လီဗာပူးလ်နဲ့အတူ ဘောလုံးရာသီ ၅ ခုကို ဖြတ်သန်းခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ တဲ့အတွက် ဘာစီလိုနာအသင်းရဲ့ ၀ယ်ယူမှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။

“ဒီမှာ နေ့တိုင်း လေ့လာနေရတဲ့ အရာတစ်ခုရှိတယ်။ သူတို့ဘောလုံးကို ဘယ်လိုကစားနေကြသလဲပေါ့ ။ ကျွန်တော်လည်း သူတို့လို အကောင်းဆုံးကစားနိုင်ဖို့ ဘာတွေလုပ်ရမလဲ လေ့လာနေရတယ်”လို့ ကော်တင်ဟိုက ဆက်ပြောပါတယ်။

ထို့အပြင် လီဗာပူးလ်နည်းပြ ဂျာကင်ကလော့နဲ့ ဘာစီလိုနာအသင်းနည်းပြ ဗယ်ဗာဒီတို့ဟာ အတွေ့အကြုံပိုင်းနဲ့ နည်းဗျူဟာပိုင်းမှာ မတူညီကြဘူးလို့ ကော်တင်ဟိုက ဆိုပါတယ်။ နည်းပြနှစ်ဦးစလုံးဟာ သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ကိုယ်စီ လမ်းကြောင်းတွေ ထွင်ပြီး အသင်းကို ပံ့ကိုင်နေကြတယ်လို့ ပြောဆိုသုံးသပ်ခဲ့ပါတယ်။

ကော်တင်ဟိုဟာ စပိန်မြေကို စတင်ခြေချချိန်မှ ယခုအချိန်အထိ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ခံနေရပြီး ဘာစီလိုနာ ကစားသမားများရဲ့ နွေးထွေးသော ကြိုဆိုမှုများကြောင့်လည်း သူ့ရဲ့ ကစားသမားဘ၀အတွက် အံ့သြမှုတွေကို ခံစားခဲ့ရတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

NN

Leave a Reply