ဂျပန်​- မြန်​မာနှစ်​နိုင်​ငံကြား စီးပွား​ရေးလုပ်​ငန်းများပူး​ပေါင်း​ဆောင်​ရွက်​ရန်​ MoU​ရေးထိုး

0
233

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၁၄၊ ၂၀၁၈

စီးပွား​ရေးဖွံဖြိုးတိုးတက်​​ရေးအတွက်​ လိုအပ်​သည်​များ​ ထောက်​ပံ့​​​ဆောင်​ရွက်ပေးနိုင်​ရေးအတွက်​ ကုန်သည်​ စက်မှုအသင်းချုပ်နှင့် မြန်မာနိုင်ငံ အခြေစိုက် Japan Chamber of Commerce and Industry Myanmar (JCCM) တို့ယခုလ ၁၄ရက်​​က ရန်​ကုန်​မြို့ရှိ Park Royal Hotel တွင်နားလည်​မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးခဲ့သည်​။

“MoUထဲမှာ​တော့အ​သေးစိတ်​​ဖော်​ပြထားခြင်း​တော့မရှိဘူး။ လက်မှတ်​​ရေးထိုးပြီးနောက်​ပိုင်းမှာ ဘယ်​လိုမျိုး ကဏ္ဍ​တွေမှာ ပူး​ပေါင်း​ဆောင်​ရွက်​မလဲဆိုတာကို ညှိနှိုင်းပြီး​ဆောင်​ရွက်​သွားမှာပါ။”ဟု JCCM ဥက္ကဌ Mr.Katsuji NAKAGAWA က​​​ပြောသည်​။

ထိုသို့ လက်​မှတ်​​ရေးထိုးခြင်းသည်​ ​ဂျပန်​-မြန်​မာနှစ်​နိုင်​ငံကြား ပိုမိုရင်းနှီးသည့်​ စီးပွား​ရေးပူး​ပေါင်း​ဆောင်​ရွက်​မှုတစ်​ရပ်​ဖြစ်​​စေရန်အတွက်​ ပထမဆုံး​ခြေလှမ်းတစ်​ရပ်​ဖြစ်​ပြီး နှစ်​နို​င်​ငံကြား စီးပွား​ရေးဆိုင်​ရာ ပူး​ပေါင်း​ဆောင်​ရွက်​မှု​များစွာရှိရာမှ နောက်​ထပ်​နယ်​ပယ်​ကဏ္ဍသစ်​တစ်​ရပ်​အတွက်​JCCMမှထပ်မံတိုးမြှင့်​​ဆောင်ရွက်​နိုင်လိမ့်​မည်ဟုယုံကြည်​ ​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းက​ပြောသည်​။

“ဒီ​ခြေလှမ်း​တွေမတိုင်​ခင်​မှာလဲ မြန်​မာနဲ့ဂျပန်​နိုင်​ငံကြားမှာ များစွာ​သော စီးပွား​ရေးပူး​ပေါင်း​ဆောင်​ရွက်​မှု​တွေရှိပါတယ်။အခုထပ်​ပြီး ​တော့ ကုန်​သည်​အသင်းနဲ့ JCCMကြားမှာ အခုလိုMoUလက်​မှတ်​​ရေးထိုးပြီး ဂျပန်​-မြန်​မာချစ်​ကြည်​ရင်းနှီးမှုအတွက်​ ဂျပန်​လုပ်​ငန်​ရှင်​နဲ့မြန်​မာလုပ်​ငန်းရှင်​​တွေဟာ ရင်းနှီးမြှုပ်​နှံမှု​တွေထပ်​မံတိုးမြှင့်​​ဆောင်​ရွက်​ဖို့အတွက်​ ​နောက်​ထပ်​​ခြေလှမ်း​သစ်​တစ်​ရပ်​ကိုဖွင့်​လှစ်​လိုက်​တယ်​လို့ ယုံကြည်​ပါတယ်​။ မြန်​မာနိုင်​ငံရဲ့ ဖွံဖြိုးတိုးတက်​​ရေးအတွက်​ များစွာ​အ​ထောက်​အကူပြုလိမ့်​မယ်​လို့လဲယုံကြည်​ပါတယ်​။”ဟု ၎င်းက​ပြောသည်​။

အဆိုပါMoU​တွင်​ ပူး​ပေါင်း​ဆောင်​ရွက်​မည့်​အ​သေးစိတ်​အချက်​ လက်​များ​ ဖော်​ပြထားခြင်းမရှိ​သော်​လည်း နှစ်​ဖက်​နို​င်​ငံ စီးပွား​ရေး ဖွံဖြိုးတိုးတက်​ရန်နှင့်​ နည်းပညာ၊လူ့စွမ်းအားအရင်းမြစ်​ကဏ္ဍ​များ ဖွံဖြိုးတိုးတက်​ရန်​အတွက်​ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်​​ကြောင်း ကုန်​သည်​စက်​မှုအသင်းချုပ်​၏ အ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်​ ဦး​အောင်ကြည်​စိုးက​ပြောသည်​။

ထို့ပြင်​JCCM အနေဖြင့် အသင်းချုပ်နှင့် Japan Chamber of Commerce and Industry (JCCI) တို့အကြားလိုအပ်သည်များ ထောက်ပံ့ ​ဆောင်ရွက် ပေးနိုင်ရေး ၊နှစ်ဖက်အဖွဲ့အစည်း အကြား စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့်​ ဂျပန်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအကြား အလုပ်ရုံဆွေးနွေးပွဲများ၊ ကွန်ဖရင့်များ ပူးပေါင်းကျင်းပ​ရေး တို့အတွက် MoU ​ရေးထိုး ခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply