မန္တလေးမြို့အနီး ဆင်စခန်းတစ်ခု ထားရှိသွားမည်

ပုံစာ - မြန်မာ့သစ်လုပ်ငန်းသုံး ဆင်များကို တွေ့ရစဉ်။

0
180

ဒီဇင်ဘာ ၃။ ၂၀၁၇။

မန္တလေးမြို့ ရဲရွာရေအားလျှပ်စစ်စက်ရုံသို့ သွားသောကားလမ်းဘေးရှိ မကျည်းအင်းကျေးရွာ ဝှက်ကားရေတံခွန်အနီးတွင် ဆင်စခန်းတစ်ခုထားရှိသွားမည်ဖြစ်ကြောင်း သိရသည် ။

ဆင်စခန်းကို အများပြည်သူလေ့လာနိုင်ရန် ထားရှိသွားမည်ဟု သိရပြီး ဆင်စခန်းတည်ဆောက်ရေးအတွက် မြေနေရာပြုပြင်ခြင်းများကို လုပ်ဆောင်ကာ ယခုနှစ်ကုန်ပိုင်း၌ ဖွင့်လှစ်သွားမည်ဖြစ်သည် ။

“အများပြည်သူလေ့လာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်တယ် ။ ဝင်ကြေးတော့ပေးရမယ် ။ ဝင်ကြေးက အစိုးရသတ်မှတ်မှာ ဖြစ်တယ် ။” ဟု မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်းဒေသကြီး) မှ မန်နေဂျာ ဦးအောင်မြင့်ဋ္ဌေး က ပြောပါသည် ။

ယခင်တုန်းက မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်အတွင်း၌ နိုငံခြားသားခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ လေ့လာနိုင်ရန် ဆင်စခန်းတစ်ခုဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည် ။

ယခုအခါ ဝှက်ကားရေတံခွန်အနီးတွင် ဆင်အကောင်ရေ (၆) ကောင်ဖြင့် အများပြည်သူလေ့လာနိုင်ရန် ဆင်စခန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည် ။

Leave a Reply