ဘဏ်​လုပ်​ငန်းများကို လာမည့်​၅နှစ်​အတွင်း ဒီဂျစ်​တယ်​ဘဏ်​စနစ်​ဖြစ်​​အောင်​ လုပ်​​ဆောင်​သွားမည်

0
229

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၁၅၊၂၀၁၈

ပြည်​တွင်းရှိ ဘဏ်​လုပ်​ငန်းများကို လာမည့်​ ၅နှစ်​​​အတွင်း ဒီဂျစ်​တယ်​ဘဏ်​စနစ်​တစ်​ခုဖြစ်​လာ​စေရန်​ လုပ်​​ဆောင်​သွားမည်​ဖြစ်​​ကြောင်း Banking and Finance Sector Development of GIZ မှ Senior Technical Expert ဦးစံသိန်းက​ပြောသည်​။

လက်​ရှိတွင် ပြည်တွင်းဘဏ်​များအ​နေဖြင့်​​ငွေ​ပေး​ချေမှု အတွက်​ ကတ်​စနစ်​များကို စတင်​လုပ်​​ဆောင်​​နေပြီဖြစ်​​သော​ကြောင့်​​ နောင်​လာမည့်​၅နှစ်​အတွင်း ဒီဂျစ်​တယ်​စနစ်​သို့​ပြောင်းလဲနိုင်​ရန်​ အလားအလာများ ရှိ​နေ​ကြောင်း ၎င်းက​ပြောသည်​။

“ဒီ၅နှစ်​အတွင်းမှာ အ​ခြေ​နေ​တွေ​ပြောင်းဖို့အလားအလာ​တွေ အများကြီး ရှိပါတယ်​။ဘဏ်​လုပ်​ငန်းမှာမိုလ်​ဘိုင်းစနစ်​တို့၊အင်​တာနက်​ဘဏ်​စနစ်​တို့စသဖြင့်​​ပေါ့​နော်​။ဒီဂျစ်​တယ်​ဘဏ်​စနစ်​ကို​ ရောက်​လာမယ့်​ အ​နေ အထားမျိုးက တာဆူ​နေပါတယ်​။”ဟု ဦးစံသိန်းက​ပြောသည်​။

ထိုသို့လုပ်​​ဆောင်​ရန်​အတွက်​ ဘဏ်​ဝန်​ထမ်းများအနေဖြင့် စွမ်းဆောင် ရည် နှင့်အသိပညာ ဗဟုသုတများ အမှန်​တကယ်ရှိထားမှသာ အနာဂတ်​တွင်​ ဆက်​လက်​ရပ်​တည်​နိုင်​မည်​ဖြစ်​​ကြောင်း မြန်​မာ့ခရီးသွားဘဏ်​မှအ​ထွေ​ထွေမန်​​နေဂျာဦး​ဇော်​သူက​ပြောသည်​။

“အခု​ဒီဂျစ်​တယ်​ဘဏ်​စနစ်​မှာ အရင်​ဆုံး​ဈေးကွက်​မှာ လက်​ဦးမှုရ​အောင်​ဆိုတဲ့ပုံစံနဲ့ဘဏ်​​တွေအားလုံးအပြိုင်အဆိုင်ယှဉ်ပြိုင်လာကြတယ်။ ​ငွေ
ကြေးပိုင်းဆိုင်​ရာနည်းပညာ​တွေကို လုံးဝလက်​လွှတ်​လို့မဖြစ်​ဘူး။အရင်​က​ပေးခဲ့တဲ့ အသိပညာ​တွေ ၊စနစ်​​တွေက ကွဲပြားပြီဖြစ်​တာ​ကြောင့်​ လက်​ရှိသွားမယ့်စနစ်​အ​ပေါ်မှာ လိုက်​ပါစီး​မျောနိုင်​ဖို့လိုတယ်​။”ဟု ၎င်းက​ပြော သည်​။

လာမည့်​၅နှစ်​အတွင်း ယင်းစနစ်​ကိုသွားနိုင်​ရန်​အတွက်​ အစိုးရအ​နေဖြင့်​ လိုအပ်​သည့်​ဥပ​ဒေ၊စည်းမျဉ်းစည်းကမ်းများချမှတ်​​ပေးရန်​လိုပြီး ဗဟိုဘဏ်​အ​နေဖြင့်​ လက်​ရှိရှိ​နေသည့်​ ဥပ​ဒေတွင်​လိုအပ်​သည့်​အချက်​များ ထပ်​မံထည့်​သွင်း၍ သက်​ဆိုင်​ရာလွှတ်​​တော်​သို့တင်​ပြသွားမည်​ဖြစ်​​ကြောင်း သိရသည်​။

“အခုကအီလက်​ထ​ရောနစ်​နဲ့ပတ်​သက်​ပြီး ဥပ​ဒေရှိ​ပေမယ့်​ မပြည့်​စုံ တာ​ကြောင့်​ပြန်​ပြုပြင်​ဖို့လုပ်​​နေတယ်​။မဖြစ်​မ​နေလဲ​ပြောင်းရမယ်။ ဘာလို့ဆို အခုဘဏ်​လုပ်​ငန်းက တွင်​ကျယ်​လာပြီ။ဒီလိုတွင်​ကျယ်​လာတာနဲ့အညီ အမှားအယွင်း​တွေရှိလာနိုင်​တာ​ကြောင့်​ ဒီ​ပေါ်မှာဥပဒေနဲ့ အကာကွယ်​ယူရမှာပါ။”ဟုဦး​ဇော်​သူကဆက်​လက်​​ပြောဆိုသည်​။

ဒီဂျစ်​တယ်​ဘဏ်​စနစ်​သို့ကူး​ပြောင်းမည်​ဖြစ်​​သော​ကြောင့်​ လက်​ရှိဘဏ်​များတွင်​ တာဝန်​ထမ်း​ဆောင်​​နေ​သောဝန်​ထမ်း​သော်​လည်း​ကောင်း၊ယခုမှ​စတင်​ခြေလှမ်းပြင်​ ဝင်​​ရောက်​မည့်​သူ​​သော်​လည်း​ကောင်း လိုအပ်​သည့်​ စွမ်းရည်​များကို ပြင်​ဆင်​ထားရန်​လို​ကြောင်း ဦး​ဇော်​သူက​အကြံပြု​ပြောဆို သည်​။

ဝေ​ဝေဖြိုး

Leave a Reply