တပ်မတော် တပ်ကြပ်တစ်ဦးမှ ဓါးဖြင့် ခုတ်မှုဖြစ်ပွား

0
175

မန္တလေး၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁၆) ရပ်ကွက် Relax စားသောက်ဆိုင်တွင် တပ်မတော် တပ်ကြပ်တစ်ဦးမှ ဓါးဖြင့် ခုတ်မှုတစ်ခု ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကောင်းထက် (၂၃) နှစ်နှင့် သူငယ်ချင်းများဖြစ်ကြသည့် အံလေး၊ ကောင်းဇော်တို့သည် Relax စားသောက်ဆိုင်တွင် စားသောက်ပြီး ကျသင့်ငွေရှင်းရာ၌ ဖန်ခွက်ကွဲခဲ့သည့်အတွက် ဆိုင်မန်နေဂျာ မှ လျှော်ကြေးပေးရန်တောင်းရာ စကားများခဲ့သည် ။ ထိုသို့စကားများရာတွင် ဆိုင်မန်နေဂျာနှင့်သူငယ်ချင်းဖြစ်သူ တ ၁၅၅၄၇ တပ်ကြပ် အောင်ဝင်း သည် အရိုးအသွား ၁၁ လက်မရှိသည့် ဓါးဦးချွန်ဖြင့် ကောင်းဇော် အား ခုတ်ရာ ကောင်းဇော်မှာ ဂုတ်ပိုးပြတ်ရှ ဒဏ်ရာ၊ ယာချိုစောင်းပြတ်ရှ ဒဏ်ရာများရရှိခဲ့သည့်အတွက် မြင်းခြံဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး တပ်ကြပ် အောင်ဝင်းနှင့် ဆိုင်မန်နေဂျာ ကျော်စိုးဝင်း တို့အား မြင်းခြံမြို့မရဲစခန်းတွင် (ပ)၁၁၆/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၁၁၄ ဖြင့်ဖမ်းဆီးခဲ့ပြီး တပ်ကြပ် အောင်ဝင်း ကို ခမရ (၁၅) သို့ လွှဲပြောင်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ က သိရသည်။

နိုင်လင်းဦး

Leave a Reply