ကုန်​စည်​လိုင်း ၃၃၄၅ လိုင်းကို ပို့ကုန်​လိုင်​စင်​​လျှောက်​ထားရန်​လိုသည့်​ စာရင်းအဖြစ်​သတ်​မှတ်

0
225

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၁၅၊၂၀၁၈

မြန်​မာနို​င်​ငံ၏ HS Code 2017 Version အရ 10 digit ကုန်​စည်​လိုင်း​ပေါင်း ၃၃၄၅လိုင်းကို ပို့ကုန်​လိုင်​စင်​​လျှောက်​ထားရန်​လိုသည့်​ စာရင်းအဖြစ်​ သတ်​မှတ်​​ကြောင်း စီးပွား​ရေးနှင့်​ ကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီးဌာနမှ ထုတ်​ပြန်​ထားသည်​။

နို​င်​ငံ​တော်​လုံခြုံ​ရေး၊စားနပ်​ရိက္ခာဖူလုံ​ရေး၊ လူ၊တိရစ္ဆာန်​နှင်​ ပတ်​ဝန်းကျင်​ထိခိုက်​မှုကို ကာကွယ်​ရန်​ ရည်​ရွယ်​၍ ပို့ကုန်​အမယ်​စာရင်းများတွင်​တိရစ္ဆာန်​၊တိရစ္ဆာန်​ထွက်​ပစ္စည်း၊ရှားပါးအပင်​၊မျိုး​စေ့၊ဆန်​၊စပါး၊ဆီနှင့်​ဆီထွက်​သီးနှံ၊ သတ္တု တွင်းထွက်​ကုန်​ကြမ်းပစ္စည်းများ၊ဓာတုပစ္စည်းများ၊ ဓာတ်​​မြေသြ ဇာ၊ ​ပေါက်​ကွဲ​စေ​သောပစ္စည်း၊သစ်​​တောထွက်​ပစ္စည်းများ၊အဖိုးတန်​​ကျောက်​မျက်​​ရတနာများ၊​မော်​​တော်​ယာဉ်​နှင့်​အကြီးစားစက်​ပစ္စည်း များ၊ ​ရှေး​ဟောင်း ပစ္စည်းများအုပ်​စုတွင်​ပါဝင်​​သော ကုန်​စည်​လိုင်း​ပေါင်း ၃၃၄၅လိုင်းကို ပို့ကုန်​လိုင်​စင်​​လျှောက်​ထားရန်​လိုသည့်​ စာရင်းအဖြစ်​သတ်​မှတ်​ခဲ့ခြင်းဖြစ်​သည်​။

လက်​ရှိ တည်​ဆဲဥပ​ဒေ၊ စည်းမျဉ်းစည်းကမ်းများအရ ပိတ်​ပင်​တားမြစ်​ထား​သောကုန်​စည်​များနှင့်သီးခြားအမိန့်​​ကြော်​ငြာစာများဖြင့်​ ထုတ်​ပြန်​ထား​သော ကုန်​စည်​များတင်​ပို့ခြင်းနှင့်​ပတ်​သက်​၍ သက်​ဆိုင်​ရာဝန်​ကြီးဌာနများမှ ထုတ်​ပြန်​ထား​သော ဥပ​ဒေ၊နည်းဥပ​ဒေ၊ စည်းမျဉ်းစည်းကမ်း များနှင့်​ ညွှန်​ကြားချက်​များအတိုင်း လိုက်​နာ​ဆောင်​ရွက်​ရမည်​ဖြစ်​​ကြောင်း သိရသည်​။

ထိုအမိန့်​​ကြော်​ငြာစာသည်​ ယခုနှစ်​ မတ်​လ ၁ရက်​မှ စတင်​၍ အကျုံး ဝင်​မည်​ဖြစ်​ပြီး အမိန့်​​ကြော်​ငြာစာအမှတ်​ (၆၀/၂၀၁၇)ဖြင့်​ ထုတ်​ပြန်​ခဲ့သည့်​ လိုင်​စင်​မလို​သောကုန်​စည်​လိုင်းများသည်​ ယခုကုန်​စည်​လိုင်း ၃၃၄၅လိုင်း တွင်​ အကျုံးဝင်​ပါက ယင်းကုန်​စည်​လိုင်းများအတွက်​ပို့ကုန်​လိုင်​စင်​​လျှောက်​ထားခြင်းကို အမိန့်​​ကြော်ငြာစာ စတင်​အကျိုးသက်​​ရောက်​သည့်​​နေ့မှစ၍ ရက်​​ပေါင်း ၉၀ ပြည့်​​မြောက်​သည့်​​နေ့တွင်​ ပို့ကုန်​လိုင်​စင်​​လျှောက်​ထားရယူပြီးမှသာ တင်​ပို့ခွင့်​ပြုမည်​ဖြစ်​​ကြောင်း အဆိုပါထုတ်​ပြန်​ချက်​တွင်​​ဖော်​ပြထားသည်​။

ပြည်တွင်းကုန်ထုတ်လုပ်တင်ပို့မှုလုပ်ငန်းများကိုပိုမိုအဆင်​​ပြေ ​ချော​မွေ့ ​စေ ရန်အတွက်လိုင်စင်​​လျှောက်ထားရန်မလို​သောကုန်စည်များအဖြစ်​ ​ဖြေ​လျှော့
ပြီး ပို့ကုန်​လိုင်​စင်​​လျှောက်​ထားရယူရန်​လိုအပ်​​သော ကုန်​စည်​အမယ်​စာရင်းကို လိုအပ်​သလို စိစစ်​သုံးသပ်​ပြင်​ဆင်​​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply