စီရော်နယ်ဒိုရဲ့ပင်နယ်တီအတွက် အငြင်းပွားမှုများ ဖြစ်ပေါ်နေ

0
150

ဖေဖော်ဝါရီ ၁၅ ၊ ၂၀၁၈

ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ PSG တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲတိုက်စစ်မှူး စီရော်နယ်ဒိုကန်သွင်းခဲ့တဲ့ ပင်နယ်တီအတွက် အငြင်းပွားမှုတွေ ဖြစ်ပေါ်လျှက် ရှိနေပါတယ်။

PSG အသင်းက အဖွင့်ဂိုးရရှိထားချိန်မှာ ရီးရဲမက်ဒရစ်တို့ ပင်နယ်တီကန်သွင်းခွင့် ရရှိလာခဲ့ပါတယ်။ ပထမပိုင်း ၄၅ မိနစ်မှာ စီရော်နယ်ဒိုက ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ သို့သော် ရော်နယ်ဒိုအနေနဲ့ ပင်နယ်တီ မကန်မီ ဘောလုံးကို တည်ထားချိန်မှာ ဘောလုံးဟာ လေပေါ်သို့ အနည်းငယ် ကြွတက်လာခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကို ရုပ်သံအနှေးပြကွက်တွေနဲ့ အားကစားမီဒီယာတွေမှာ အကျယ်တ၀င့် ဖော်ပြခဲ့ကြပါတယ်။

ရော်နယ်ဒိုဟာ ပင်နယ်တီကို မှော်ပညာနဲ့ ကန်သွင်းခဲ့တယ်လို့ စွပ်စွဲရေးသားမှုတွေလည်း ရှိလာခဲ့ပါတယ်။ ဘောလုံးစည်းမျဉ်းဥပဒေများ အရ ပင်နယ်တီပြစ်ဒဏ်ဘော ကန်သွင်းချိန်မှာ ဘောလုံးဟာ တည်ငြိမ်နေရ မှာ ဖြစ်သော်လည်း ယခုဖြစ်စဉ်၌ ဘောလုံးဟာ လေထဲသို့ အနည်းငယ်ကြွ တက်နေတဲ့အတွက် ပင်နယ်တီကို ပြန်ကန်ခိုင်းသင့်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေကြပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ ရော်နယ်ဒိုနဲ့အတူတူကစားခဲ့တဲ့ ရီယိုဖာဒီနန်က ရော်နယ်ဒိုဟာ ယခုကဲ့သို့သော ပင်နယ်တီကန်သွင်း မှုများကို လေ့ကျင့်ရေးကွင်းမှာ ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့ကြောင်း ၊သူ့အနေနဲ့ မှော်ပညာကို သုံးစွဲခြင်းမဟုတ်ဘဲ ပင်နယ်တီကို ပညာသာပါပါ ကန်သွင်းယူခြင်းသာဖြစ်ကြောင်း ၊ မိမိအနေနဲ့ အဆိုပါ ကန်သွင်းမှုမျိုးကို ရော်နယ်ဒိုထံမှ မကြာခဏ မြင်တွေ့ခဲ့ရကြောင်း ရီယိုဖာဒီနန်က ဆိုခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ အဆိုပါပွဲစဉ်မှာ ရီးရဲမက်ဒရစ်အတွက် ပင်နယ်တီ ချေပဂိုးတစ်ဂိုးနဲ့ အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီသွင်းဂိုးကြောင့် စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ် သမိုင်း တစ်လျှောက် မှာ အသင်းတစ်သင်းထဲ၌ ကစားပြီး သွင်းဂိုး ၁၀၀ ပြည့် သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ယခုအခါ ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အတွက် ချန်ပီယံလိဂ်သွင်းဂိုး ၁၀၁ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီ ဖြစ်ပါတယ်။

NN

Leave a Reply