ဘိုင်ယန်မြူးနစ်အသင်း ယခုနှစ်ချန်ပီယံလိဂ်ဖလား ရရှိရန် ဂျိမ်းရိုဒရီကွက် ဆန္ဒရှိနေ

0
166

ဖေဖော်ဝါရီ ၁၅ ၊ ၂၀၁၈

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်လူ ဂျိမ်းရိုဒရီကွက်ဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဆုဖလားရရှိမယ်လို့ ယုံကြည်လျှက်ရှိနေပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါ ကိုလံဘီယာကစားသမားဟာ ၂နှစ်ခွဲ အငှားစာချုပ်နဲ့အတူ ရီးရဲမက်ဒရစ်ကနေ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။လက်ရှိမှာတော့ သူဟာ ဘိုင်ယန်နည်းပြရဲ့ လက်စွဲတော် ကစားသမားတစ်ယောက်ဖြစ်နေပြီး အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ပြနိုင်သူလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ တူရကီကလပ် ဘီဆီးတပ်ခ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
“ဘိုင်ယန်ဟာ ကျွန်တော့်အတွက်တော့ ချန်ပီယံလိဂ်ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အကောင်းဆုံး အသင်းတစ်သင်းရှိသလို ထိပ်တန်းကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဗိုလ်စွဲဖို့ မဖြစ်နိုင်စရာ ဘာမှ မရှိပါဘူး”လို့ ဂျိမ်းက ဘလိုင်းသတင်းဌာနကို ပြောပါတယ်။

ဂျိမ်းရိုဒရီကွက်ဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ပြိုင်ပွဲအစုံ ၂၄ပွဲ ပါဝင် ကစား ထားပြီး လေးဂိုသွင်းယူကာ ဂိုဖန်တီးမှု ခြောက်ကြိမ် ပြုလုပ်ထား ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ မနှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်မှာ ရီးရဲမက်ဒရစ်နဲ့ တွေ့ဆုံခဲ့ပြီး ပြိုင်ပွဲကနေ ကျောခိုင်းခဲ့ရပါတယ်။

NN

Leave a Reply