တရုတ်​နှစ်​သစ်​ကူးပွဲ​တော်​ဖွင့်​ပွဲကျင်းပ

0
215

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ၊ ၂၀၁၈

၂၀၁၈ တရုတ်​နှစ်​သစ်​ကူး(​ခွေးနှစ်​မင်္ဂလာ) ပွဲ​တော်​ဖွင့်​ပွဲအခမ်းအနားကို ရန်​ကုန်​မြို့လသာမြို့နယ်​ လမ်းမ​တော်​လမ်း နှင့်​ မဟာဗန္ဓုလလမ်း​ထောင့်​တွင်​ယ​နေ့ နံနက်​ပိုင်းက ကျင်းပခဲ့သည်​။

တရုတ်​နှစ်​သစ်​ကူးပွဲ​တော်​အခမ်းအနားကို တိုင်း​ဒေသကြီးအဆင့်​ပွဲ​တော်​အဖြစ်​ဒုတိယအကြိမ်​​မြောက်​ကျင်းပခြင်း ဖြစ်​ပြီး အခမ်းအနားကို ရန်​ကုန်​တိုင်း​ဒေသကြီး ၀န်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်း ၊ တိုင်းလွှတ်​​တော်​ဥက္ကဌ ဦးတင်​​မောင်​ထွန်းနှင့်​ မြန်​မာနိုင်​ငံဆိုင်​ရာတရုတ်​သံအမတ်​ကြီး မစ္စတာ ​ဟောင်​လျန်​တို့က တက်​​ရောက်​ဖွင့်​လှစ်​ခဲ့သည်​။

ဖွင့်​ပွဲအစီအစဉ်​အပြီးတွင်​ စတုဒီသာ​လှူဒါန်းခြင်း ၊ ပြဇတ်၊ စတိတ်​ရှိုးအစီအစဉ်​များဆက်​လက်​ကျင်း ပသွားမည်​ဖြစ်​​ကြောင်းသိရသည်​။

တရုတ်နှစ်သစ်ကူးပွဲတွင် တရုတ်​နိုင်​ငံမှမှာယူထား သည့်​ LEDမီးပုံး၄၅၀၀ကျော်ဖြင့် အလှဆင် သွားခြင်းဖြစ်​​ကြောင်း တရုတ်နှစ်သစ်ကူး ပွဲတော်တည်ဆောက်ရေးအဖွဲ့ တာဝန်ခံဦးအောင်လှ ကပြောဆိုထားသည်။

တရုတ်​နှစ်​သစ်​ကူးဖွင့်​ပွဲရက်​မတိုင်​မီ ဖေဖော်ဝါရီ ၁၅ရက်နေ့နံနက် ၄နာရီက လသာမြို့နယ်​ တွင်​သံဃာတော်အပါး ၁၀၀၀ ၊ သီလရှင် အပါး ၅၀၀ ၊တရုတ်သံဃာတော်နှင့်သီလရှင် အပါး၁၀၀ တို့အား အာရုံဆွမ်းလောင်းလှူခဲ့​ကြောင်းသိရသည်​။

ယ​နေ့ည​နေပိုင်းတွင်​ တဆက်​တည်းပြုလုပ်​မည့်​ပိတ်ပွဲ အခမ်းအနားကို လသာလမ်း (အောက်ဘလောက်) တွင်ပြုလုပ် သွားမည် ဖြစ်ကာ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့က ဆက်​လက် တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ယူနန်အမျိုးသားအသင်း၊ ဖူကျန့် အမျိုးသားအသင်း ၊ကွမ်တုံကုန်သည်ကြီးများအ သင်းနှင့် တရုတ် ကုန်သည်ကြီးများအသင်းတို့မှအလှည့်ကျဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး ယခုနှစ်(ခွေးနှစ်မင်္ဂလာ)အတွက် ယူနန်အမျိုးသားအသင်းမှ ဦးဆောင်စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။

ကိုဥာဏ်

==============

Leave a Reply