သစ်​​တောထွက်​ပစ္စည်းအ​ရောင်းမြှင့်​တင်​​ရေးပြပွဲ မတ်​လအတွင်း ကျင်းပမည်

0
245

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၁၆၊ ၂၀၁၈

မြန်​မာနို​င်​ငံသစ်​လုပ်​ငန်းရှင်​များအသင်းက ကြီးမှူးကျင်းပသည့်​ ဒုတိယ အကြိမ်​​မြောက်​ သစ်​​တောထွက်​ပစ္စည်း အ​ရောင်းမြှင့်​တင်​​ရေးပြပွဲကို မတ်​လ ၂၂ရက်​မှ ၂၄ရက်​ထိ တပ်​မ​တော်​ခန်းမတွင်​ ကျင်းပပြုလုပ်​သွားမည်​ဖြစ်​သည်​။

ယင်းပြပွဲတွင် တိုင်းနှင့်​ပြည်​နယ်​အသီးသီးရှိ လုပ်​ငန်းရှင်​များနှင့်​ အ​သေးစား၊အလတ်​စားလုပ်​ငန်းရှင်​​ပေါင်း ၇၀ ​ကျော်​မှ ပြခန်း​ပေါင်း ၁၆၂ခန်းဖြင့်​ သစ်​​တောထွက်​ပစ္စည်းအမျိုးအစား​ပေါင်း ၁၀၀​ကျော်​ကို ပြသသွားမည်​ဖြစ်​​ကြောင်း မြန်​မာနို​င်​ငံသစ်​လုပ်​ငန်းရှင်​များအသင်းမှ အမှု​ဆောင်​ ဦးစိုင်းလင်းက​ပြောသည်​။

“ဒီပြပွဲမှာ ပစ္စည်းအမျိုးအစားကလဲ စုံလင်​တယ်​။ တနိုင်​တပိုင်​ဝယ်​ယူ သွားနိုင်​တဲ့ပစ္စည်းက​နေစပြီး​တော့ ဟိုတယ်​ကြီး​တွေထိ အလှဆင်​နိုင်​တဲ့ စားပွဲကြီး​တွေကအစ ပါဝင်​မယ်​။တောကျန်​၊​ရေကျန်​ ​ရေမျောကမ်းတင်​ သစ်​​တွေက​နေပြီး တန်​ဖိုးမြှင့်​ထုတ်​ကုန်​အဖြစ်​ထုတ်​လုပ်​ထားတဲ့ အင်​မတန်​မှလက်​ရာလှတဲ့ပစ္စည်း​တွေလဲပါဝင်​လာမယ်​။ တန်​ဖိုးအသင့်​ တင့်​ ပစ္စည်း​တွေလဲပါဝင်မှာဖြစ်တာ​ကြောင့်​ဒီပြပွဲကထိုက်သင့်​သ​လောက်
 ​အောင်​မြင်​မှုရမယ်​လို့ယုံကြည်​ပါတယ်​။”ဟု ​၎င်းက​ပြောသည်​။

လူသုံးနည်းသစ်​များ၊​ဈေးကွက်​ဝင်​သစ်​များ၊့​အဆင့်​မြင့်​သစ်​များ၊စွန့်​ပစ်​ပစ္စည်းများမှထုတ်​လုပ်​ထားသည့်​တန်​ဖိုးမြှင့်​ထုတ်​ကုန်​များ စသဖြင့်​ ကဏ္ဍ​ပေါင်းစုံမှ ပါဝင်​ပြသမည်​ဖြစ်​ပြီး သစ်​​တောသယံဇာတနှင့်​ပတ်​သက်​၍လုပ်​ကိုင်​သည့်​ လုပ်​ငန်းရှင်​များ ကုန်​ထုတ်​လုပ်​မှုမြင့်​တက်​လာ​စေရန်​၊သစ်​​တောထွက်​ပစ္စည်းနှင့်​ပတ်​သက်သည့်​ လုပ်​ငန်းမြင့်​တက်​လာ​စေ​ ရေးနှင့်​ သစ်​​တောထွက်​ပစ္စည်းအသုံးအ​ဆောင်မျိုးစုံ တွက်​ကျယ်​လာ​စေ​ရေးတို့အတွက်​ ရည်​ရွယ်​၍ကျင်းပပြုလုပ်​ခြင်းဖြစ်​သည်​။

အဆိုပါပြပွဲတွင်​ မန္တ​လေး၊​နေပြည်​​တော်​၊စစ်​ကိုင်း၊ကချင်​နှင့်​ပဲခူး စသည့်​ တိုင်းနှင့်​ပြည်​နယ်​အသီးသီးရှိ လုပ်​ငန်းရှင်​များမှ ပါဝင်​ပြသသွားမည်​ဖြစ်​သည်​။

ဝေ​ဝေဖြိုး

Leave a Reply