နွေရာသီမှာ ပြင်သစ်မြေကိုစွန့်ခွာမယ့် မယ်လ်ကွန်

0
180

ဖေဖော်ဝါရီ ၁၆ ၊ ၂၀၁၈

အာဆင်နယ် ၊ စပါးအသင်းတို့က စိတ်ဝင်စားနေတဲ့ ဘရာဇီး လူငယ်ဘောလုံးသမား မယ်လ်ကွန်ဟာ လာမယ်နွေရာသီမှာ ပြင်သစ်ကလပ် ဘော်ဒိုးကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

ဘောဒိုးအသင်းဟာ မယ်လ်ကွန်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ်ခဲ့သော်လည်း အပြောင်းအရွှေ့ဖြစ်မလာခဲ့ပါဘူး။ လာမယ့်နွေရာသီဈေးကွက်မှာတော့ သေချာပေါက် ရောင်းထုတ် တော့မယ် လို့ သိရပါတယ်။

အာဆင်နယ်နဲ့စပါးအသင်းတို့ဟာ အဆိုပါ ဘရာဇီး ဆယ်ကျော်သက် ဘောလုံးသမားကို လေ့လာနေပြီး ဘော်ဒိုးအသင်းကနေ ထွက်မယ့် အချိန်ကို စောင့်နေခဲ့ကြပါတယ်။ မယ်လ်ကွန်ဟာ ဥရောပဘောလုံး အသင်း တွေဆီကို ပြောင်းရွှေ့ကစားမယ်ဆိုရင် အလုပ်လုပ်ခွင့် ပါမစ် အတွက် အသက်မပြည့်သေးဘဲ ဖြစ်နေပါတယ်။သူဟာ လာမယ့်နွေရာ သီ အပြောင်းအရွှေ့မှသာ အသက် ၂၀ ပြည့်မှာ ဖြစ်တဲ့အတွက် ဥရောပ အလုပ်လုပ်ခွင့်ပါ ရရှိမယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော့်စာချုပ်က ဇွန်လအထိရှိပါတယ်။ ကျွန်တော် အသင်းအသစ်တစ်ခုကို ပြောင်းဖို့အတွက် ရွေးချယ်နေပါတယ်။ စိန်ခေါ်မှု အသစ်တွေကို ကျွန်တော်လိုချင်တယ်။ ဒါပေမယ့် ဘော်ဒိုး အသင်းရဲ့ အကူအညီပေးခဲ့မှုတွေကို သတိရရမယ်။ ဘော်ဒိုးအသင်းက ကျွန်တော် ရဲ့ ကမ္ဘာငယ်လေးတစ်ခုပါ။ဒီအသင်းကြောင့် ကျွန်တော့်အနာဂတ်ဟာ ရွေးချယ်စရာတွေ ရှိလာခဲ့တာပါ”လို့ မယ်လ်ကွန်က ဆိုပါတယ်။

NN

Leave a Reply