နွေရာသီမှာ မန်ယူကွင်းလယ်လူ ပေါ့လ်ဘာကို ပေါင်သန်း ၁၂၀ကျော် အသုံးပြုပြီး ခေါ်ဖို့ ကြံနေတဲ့ ရီးရဲမက်ဒရစ်

0
158

ဖေဖော်ဝါရီ ၁၆ ၊ ၂၀၁၈

စပိန်ကလပ်ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းကို ပြင်ဆင်မှုများစွာ ပြုလုပ်ဖို့စီစဉ်နေပြီး မန်ယူကွင်းလယ်လူ ပေါ့လ်ဘာကို ပေါင်သန်း ၁၂၀ ကျော်အထိ ပေးချေပြီး ခေါ်ယူဖို့ ကြံစည်နေပါတယ်။

မန်ယူနည်းပြမော်ရင်ဟိုကတော့ သူ့ရဲ့ပြင်သစ်ကွင်းလယ်လူကို ရောင်း ထုတ်ဖို့ စိတ်ဝင်စားခြင်းမရှိသလို သူ့ရဲ့ နည်းပြစာချုပ်သက်တမ်း ၅ နှစ်ကာလအတွင်း ပေါ့လ်ဘာကို အသင်းကနေ ထွက်မသွားအောင် စီစဉ်ဖို့ ရှိနေပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ပေါ့လ်ဘာကို ဂျူဗင်တပ် ကစားသမား ဘ၀မှာ ကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။ သို့သော် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ မန်ယူအသင်းက ကမ္ဘာ့စံချိန်တင်ကြေး ပေးချေပြီး ခေါ်ယူလိုက် ချိန်မှာ ရီးရဲမက်ဒရစ်တို့ ကျန်ရစ်ဖြစ်ခဲ့ရပါတယ်။ ယခုအခါမှာတော့ ဘောလုံး ရာသီအကုန် နွေရာသီအပြောင်းအရွှေ့မှာ ပေါ့လ်ဘာကို မန်ယူထံကနေ ပြန်လည်ဝယ်ယူဖို့ ပြင်ဆင်လာခြင်း ဖြစ်ပါတယ်။

ပေါ့လ်ဘာဟာ ၂၀၁၆ခုနှစ်မှာ မန်ယူအသင်းကို ရောက်ရှိခဲ့ပြီး အသင်းနဲ့ ၅ နှစ်စာချုပ်ကို ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပေါ့လ်ဘာဟာ ဟက်ဒါဖီးလ် ၊ နယူးကာဆယ် ၊ စပါးအသင်းတို့နဲ့ ပွဲစဉ်တွေမှာ နည်းပြ မော်ရင်ဟိုရဲ့ လူစားလဲခြင်းကို ခံထားရတဲ့အတွက် မန်ယူမှာ မပျော် မရွှင်ဖြစ်နေတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါကြောင့် ရီးရဲ မက်ဒရစ်အနေနဲ့ ပေါ့လ်ဘာကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ ကျော်အထိ ပေးချေပြီး ခေါ်ယူဖို့ စီစဉ်လာခြင်း ဖြစ်ပါတယ်။

ပေါ့လ်ဘာဟာ မန်ယူအသင်းကို စွန့်ခွာဖို့အစီအစဉ်မရှိသော်လည်း ရီးရဲမက်ဒရစ်အသင်းရဲ့ငွေကြေးမြောက် မြားစွာနဲ့ ကမ်းလှမ်းလာမှုကို ခံနိုင်ရည်ရှိမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

NN

Leave a Reply