တစ်ပတ်လုပ်ခ ပေါင် ၆သိန်းနဲ့ တရုတ်စူပါလိဂ်ကို ပြောင်းဖို့ သတင်း ထွက်နေတဲ့ အင်နီယေစတာ

0
152

ဖေဖော်ဝါရီ ၁၆ ၊ ၂၀၁၈

ဘာစီလိုနာအသင်းရဲ့ စပိန်းကွင်းလယ်လူ အင်နီယေစတာဟာ တစ်ပတ်လုပ်ခ ပေါင် ၆သိန်းနဲ့ တရုတ်စူ ပါလိဂ်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဘာစီလိုနာအသင်းဟာ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်နီယေ စတာကို အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပုံမှန်အသုံးပြုလျှက်ရှိပြီး အသင်းကနေ ရောင်းထုတ်ဖို့ ဆန္ဒမရှိဘူလို့ သိရပါတယ်။ဒါပေမယ့်လည်း ကက်တလန်အခြေစိုက် သတင်းတွေမှာတော့ အင်နီယေစတာဟာ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့တော့မယ်လို့ ဖော်ပြနေကြပါတယ်။

အင်နီယေစတာဟာ ဘာစီလိုနာနည်းပြ ဗယ်ရာဒီရဲ့ ပင်တိုင် ကစား သမားအဖြစ် ပွဲထွက်ပါဝင်နေသော်လည်း အသက်အရွယ်ကြောင့် ပွဲချိန်ပြည့် ပါဝင်နိုင်မှု အားနည်းလာခဲ့ပါတယ်။ သူဟာ ယခုနှစ် ဘောလုံး ရာသီမှာ ဘာစီလိုနာအတွက် ပွဲပေါင်း ၂၇ ပွဲ ၀င်ရောက်ကစားခဲ့ပြီး သွင်းဂိုးတစ်ဂိုး ရရှိထားသူ ဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ သူ့ကို အသင်းမှာ ဆက်ထိန်းထားလိုသော်လည်း ကစားသမားကိုယ်တိုင်က တစ်ပတ်လုပ်ခ ပေါင် ၆ သိန်းကို လက်ခံထားတဲ့အတွက် မကြာခင်မှာ အပြောင်းအရွှေ့ ဖြစ်လာတော့မယ်လို့ သတင်းတွေက ရေးသားနေကြ ပါတယ်။

အင်နီယေစတာဟာ ယခုနှစ်အတွင်း ရီးရဲမက်ဒရစ်ကို ဘာစီလိုနာမှ ၃-၀ ဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး အဓိက ကစားသမားအဖြစ် ဆက်လက်တည်ရှိနေသေးကြောင်း သက်ေ သထူနိုင်ခဲ့ပါတယ်။ သို့သော် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကော်တင်ဟိုကို ဘာစီလိုနာက ခေါ်ယူနိုင်ခဲ့ တဲ့အတွက် အင်နီယေစတာရဲ့ အနာဂတ်ဟာေ၀၀ါးလာခဲ့ပါတယ်။

အင်နီယေစတာဟာ ၂၀၀၁ ခုနှစ်မှာ ဘာစီလိုနာအသင်းအတွက် စတင်ပါဝင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား လေးကြိမ် ၊ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် စပိန်အသင်းနဲ့ အတူ ချန်ပီယံတစ်ကြိမ် ဆွတ်ခူး ခဲ့သလို ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာ စပိန်အသင်း ဗိုလ်စွဲဖို့ သွင်းဂိုးတစ်ဂိုးလည်း သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ တကယ်လို့သာ အင်နီယေစတာအနေနဲ့ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ ကမ္ဘာမှာ လစာအများဆုံး ရရှိတဲ့ ဘောလုံးသမားစာရင်ကို ၀င်နိုင်တော့မှာ ဖြစ်ပါတယ်။

NN

Leave a Reply