တရုတ်​​နှစ်​သစ်​ကူးပွဲ​တော်​ ပိတ်​ပွဲကျင်းပ

0
130

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ၊ ၂၀၁၈

ရန်​ကုန်​မြို့လသာမြို့နယ်​အတွင်း ကျင်းပသည့်​တရုတ်​ နှစ်​သစ်​ကူး(​ခွေးနှစ်​ )ပွဲ​တော်​ပိတ်​ပွဲကို ရန်​ကုန်​တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်းတက်​​ရောက်​ခဲ့ပြီး အခမ်းအနားကိုကျင်းပခဲ့သည်​။

အခမ်းအနားတွင်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့နှင့်​ မြန်​မာနိုင်​ငံဆိုင်​ရာ တရုတ်​သံရုံးဒုတိယသံအမတ်​ကြီး တက်​​ရောက်​ခဲ့သည်​။

တရုတ်​ရိုးရာနှစ်​သစ်​ကူးပွဲ​တော်​တွင်​ စတိတ်​ရှိုးအစီအစဉ်​များ စတုဒီသာလှူဒါန်းခြင်း အလှမီးပုံးများဖြင့်​အလှဆင်​ခြင်းတို့ဖြင့်​ကျင်းပခဲ့သည်​။

တရုတ်​ရိုးရာနှစ်​သစ်​ကူးပွဲ​တော်​ကို တိုင်း​ဒေသကြီးအဆင့်​ပွဲ​တော်​အဖြစ်​ ဒုတိယအကြိမ်​ ​မြောက်​ကျင်းပခြင်းဖြစ်​ပြီး ယ​နေ့နံနက်​ပိုင်းက ၀န်​ကြီးချုပ်​ဦးဖြိုးမင်းသိန်းနှင့်​ တရုတ်​သံအမတ်​ကြီး မစ္စတာ​ဟောင်​လျန်​တို့မှ ဖွင့်​ပွဲအခမ်းအနားကို ဖွင့်​လှစ်​​ပေးခဲ့သည်​။

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ယူနန်အမျိုးသားအသင်း၊ ဖူကျန့် အမျိုးသားအသင်း ၊ကွမ်တုံကုန်သည်ကြီးများအ သင်းနှင့် တရုတ် ကုန်သည်ကြီးများအသင်းတို့မှအလှည့်ကျဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး ယခုနှစ်(ခွေးနှစ်မင်္ဂလာ)အတွက် ယူနန်အမျိုးသားအသင်းမှ ဦးဆောင်စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။

ကိုဥာဏ်

PHOTO – ​အောင်​​အောင်

Leave a Reply