ဇန်နဝါရ်ီလ အတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု အဂူရို ရရှိ

0
122

ဖေဖော်ဝါရီ ၁၆ ၊ ၂၀၁၈

အင်္ဂလန် ပရီးမီးယားလိဂ်၏ ဇန်နဝါရီလ အတွက် အကောင်းဆုံး ကစားသမားဆုကို ကြေညာခဲ့ရာ မန်စီးတီး တိုက်စစ်မှူး အဂူရိုက ရရှိခဲ့သည်။

အဂူရိုဟာ အဆိုပါဆုကို ဒီဘရိုင်း ၊ ဟာဇက် ၊ အက်ကင်ဆန်၊ ဗာတွန်ဂမ် တို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါဆုဟာ အဂူရိုအတွက် ၅ ကြိမ်မြောက် ရရှိတဲ့ ဆုလည်းဖြစ်သလို သူဟာ ဇန်နဝါရ်ီလ အတွင်း ကစားခဲ့တဲ့ မန်စီးတီး အသင်းရဲ့ ပွဲစဉ်တွေမှာ အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့သလို ဟက်ထရစ် သွင်းဂိုး အပါအဝင် စုစုပေါင်း သွင်းဂိုး ၅ ဂိုးအထိ သွင်းယူခဲ့တာကြောင့် ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

အဂူရိုဟာ လအလိုက် အကောင်းဆုံးဆုကို ၅ကြိမ် ဆက်တိုက် ရရှိခဲ့တဲ့အတွက် ဝိန်းရွန်းနီ ၊ ရော်ဘင်ဗန်ပါစီတို့နဲ့အတူ အဆင့်တူသို့ ရောက်ရှိလာခဲ့ပါတယ်။ လအလိုက် အကောင်းဆုံးဆုကို ၆ ကြိမ်အထိ ရရှိထားသူကတော့ ယခင်လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင် ဂျာရတ်ပဲ ဖြစ်ပါတယ်။

ဇန်နဝါရီလအတွက် အကောင်းဆုံး နည်းပြဆုကိုတော့ ဘုန်းမောက်စ် အသင်းရဲ့နည်းပြ အက်ဒီဟိုဝီက ရရှိခဲ့ပါတယ်။

NN

Leave a Reply