နေပြည်တော်တွင် ထားရှိမည့် ဗိုလ်ချုပ်ရုပ်ထုအတွက် ကျပ်သိန်း၁၅၀၀ကျော်ကုန်ကျမည်ဟု ခန့်မှန်းထား

0
187

နေပြည်တော်၊ ဒီဇင်ဘာ ၃။ ၂၀၁၇။

နေပြည်တော်ရှိ သပြေကုန်းအ၀ိုင်းတွင်ထားရှိမည့် မြင်းစီးဗိုလ်ချုပ် ကြေးရုပ်ထုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျပ်သိန်း ၁၅၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှုး ဦးဝင်းထိန်က ပြောသည်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီဧည့်ရိပ်သာ ၂ တွင် ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အနည်းဆုံး ၁၀ လလောက်တော့ ကြာမယ်။ ပီပီပြင်ပြင်ဖြစ်အောင်လို့ပါ။ နောက်နှစ် နိုဝင်ဘာ နဲ့ အောက်တိုဘာလလောက်မှပြီးမှာပါ။ ရန်ပုံငွေက ၁၅၀၀ လောက် သတ်မှတ်ထားပါတယ် “ ဟု ဦးဝင်းထိန် ကပြောသည်။

မြင်းစီးဗိုလ်ချုပ်ကြေးရုပ်ထုသည် အမြင့် ၁၈ ပေ ရှိမည်ဖြစ်ပြီး ပြည်မြို့ မှ ပန်းပုပညာရှင်ဦးမြင့်ဆန်းက ထုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

“နောက်တစ်ခါကြေးရုပ်ကို ကျွန်တော့်သဘောကတော့ ဟိုတယ်ဇုန်က လမ်းမကြီးကို မျက်နှာမူရင် ပိုအဓိပ္ပါယ်ရှိလိမ့်မယ်လို့ ထင်တယ်။ ဒါမှ နေပြည်တော်လာတဲ့ ပုဂ္ဂိုလ်တွေက မြင်လိုက်တာနဲ့ ဘွားကနဲဆိုတာ မျိုးပေါ့ “ဟု ၎င်း ကပြောသည်။

ကြေးရုပ်တည်ဆောက်ရန်အတွက် ရန်ပုံငွေ ကျပ်သိန်း၂၅၀ခန့် ရရှိနေပြီ ဖြစ်ကြောင်း ပြည်သူအများလည်း ထည့်ဝင်နိုင်ရန် အလှူခံနေကြောင်း ကော်မတီထံမှ သိရသည်။

Leave a Reply