လိုင်ယွန်တိုက်စစ်မှူးကို ပေါင် ၄၅သန်းနဲ့ခေါ်ဖို့ သတင်းထွက်နေတဲ့ အာဆင်နယ်အသင်း

0
157

ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၈

အာဆင်နယ်အသင်းဟာ လိုင်ယွန်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး နာဘီလ်ဖီကီကို ပေါင် ၄၅သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဥရောပအားကစားသတင်းတွေက ဖော်ပြကြပါတယ်။

အဆိုပါလိုင်ယွန်တိုက်စစ်မှူးဟာ ယခင်က အာဆင်နယ်ကစားသမား ဂျော့ကတ်လို နိုင်ငံအသင်းမှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။ဒါကြောင့် အာစင်ဝင်းဂါးဟာ အဆိုပါလူငယ်တိုက်စစ်မှူးကို အလိုရှိနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဖီကီဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ လိုင်ယွန်အသင်းအတွက် ခြေစွမ်းပြ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ လိုင်ယွန်က ဗီလာရီးရဲကို ၃-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။အာဆင်နယ်အသင်းနဲ့ လိုင်ယွန်အသင်းတို့ဟာ ဆက်ဆံရေးကောင်းတွေ ရရှိထားပြီး ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာလည်း လိုင်ယွန်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး လာကဇက်တီကို အာဆင်နယ်အသင်းက ခေါ်ယူထားခဲ့ဖူးပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဖီကီကို စတ်ဝင်စားတယ်ဆိုရင်တော့ ဘာစီလိုနာ ၊ လီဗာပူးလ်တို့ထက် လက်ဦးမှုရအောင် ခေါ်ယူနိုင်ဖို့ လိုအပ်နေပါတယ်။ ဖီကီကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ ဘာစီလိုနာ ၊ ရီးရဲမက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် ၊ လီဗာပူးလ် ၊ PSG စတဲ့ အသင်းတွေ ပါဝင်နေပါတယ်။

NN

Leave a Reply