ချယ်လ်ဆီးကို ဝေဖန်လိုက်တဲ့ ဘတ်ရှူဝါရီ

0
180

ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၈

ဇန်န၀ါရီ ၃၁ ရက်နေ့မှာ ဂျာမနီကလပ် ဒေါ့မွန်အသင်းကို အငှားပြောင်းရွှေ့ ခဲ့ပြီး အချိန်တိုအတွင်းမှာ သွင်းဂိုး ၅ ဂိုးအထိ ရရှိအောင် သွင်းယူနိုင်ထားတဲ့ ဘတ်ရှူဝါရီဟာ သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ဖြစ်တဲ့ အတ္တလန္တာ အသင်းနဲ့ ပွဲစဉ်အပါအ၀င် ဒေါ့မွန်အတွက် ၃ ပွဲ ပါဝင်ပွဲထွက်ခဲ့ပြီး သွင်းဂိုး ၅ ဂိုးအထိ ရရှိအောင် စွမ်းဆောင်ထားသလို အသင်းဖော်တွေ ဂိုးသွင်းခွင့် ရအောင်လည်း ကူညီပေးထားနိုင်ခဲ့ပါတယ်။

သူဟာ ချယ်လ်ဆီးကစားသမားဘ၀မှာ အရန်ခုံ၌သာ အချိန်ကုန်နေခဲ့ရပြီး တိုက်စစ်မှူး မိုရာတာရဲ့ လူစားဝင် ကစားသမားအဖြစ်သာ ပွဲထွက် ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဇန်န၀ါရီ ၃၁ ရက် ဈေးကွက်ပိတ်ချိန် နာရီပိုင်းအလိုမှာ ဒေါ့မွန်အသင်းကို အငှားရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

ဘတ်ရှူဝါရီဟာ ၂၀၁၇ -၁၈ ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ၂၅ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၁၀ဂိုးအထိ ရယူပေးထားခဲ့ပါတယ်။ သို့သော်လည်း ပုံမှန်ပွဲထွက်ခွင့်ကတော့ ပျောက်ဆုံးနေခဲ့ရပါတယ်။

“ကျွန်တော် ချယ်လ်ဆီးမှာ အချိန်ကောင်းတွေကို ပိုင်ဆိုင်ခွင့် မရခဲ့ဘူး။ ဒါပေမယ့် ဒီမှာတော့ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံတွေ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်နေပါပြီ။ နောက်ပြီး ကျွန်တော့်ကို အားပေးထောက် ခံ တဲ့ လူတွေလည်း ရနေပါပြီ။ အရန်ခုံမှာ ထိုင်နေရတယ်။ ပြီးတော့ ၀င် ကစားပြီး ဂိုးသွင်းပေးတယ်။ နောက်တော့ အရန်ခုံ ပြန်ရောက်တယ်။ ဒါဟာ တိုက်စစ်မှူးတစ်ယောက်အတွက် အရမ်းကို ခက်ခဲစေပါတယ်။ အထူး သဖြင့် လူငယ်ကစားသမားတစ်ယောက်အတွက် ပိုပြီး ဆိုးပါတယ်။ လူငယ်တိုက်စစ်မှူးတစ်ယောက်မှာ ပွဲများများကစားခွင့်ရဖို့ လိုအပ်ပါတယ်။ ဒေါ့မွန်မှာတော့ အဲ့လိုအရာတွေ အကုန်လုံးနဲ့ ပြီးပြည့်စုံနေခဲ့ပါပြီ”လို့ ဘတ်ရှူဝါရီက ဘယ်လ်ဂျီယံ ရေဒီယိုဖြစ်တဲ့ Sporza ကို ပြောသွားခဲ့ပါတယ်။

NN

Leave a Reply