ဆောက်​လုပ်​​ရေးကဏ္ဍတွင်​​ တွေ့ကြုံနေရသော အခက်​ခဲများကို​ ဖြေရှင်း​ပေးရန်​ အစိုးရသို့ အချက်​ ၆ ချက်​တင်​ပြ

0
228

ရန်​ကုန်​၊​​ဖေ​ဖော်​ဝါရီ ၁၇၊၂၀၁၈

ဆောက်​လုပ်​​ရေးလုပ်​ငန်းများနှင့်​ပတ်​သက်​သည့်​ လုပ်​ငန်းရှင်​များမှ ​ဆောက်​လုပ်​​ရေးကဏ္ဍတွင်​ ​တွေ့ကြုံ​နေရ​သော အခက်​အခဲများ​ဖြေရှင်း​ပေး​ရေးနှင့်​ လုပ်​ငန်းများ​ရေရှည်​တိုးတက်​​ရေးအတွက်​ နိုင်​ငံ​တော်​မှ ကူညီ​ဖြေရှင်း ပံ့ပိုး​ပေးရန်​ ​အစိုးရသို့ အချက်​ ၆ ချက်​တင်​ပြခဲ့သည်​။

ယခုလ ၁၇ရက်​က ရန်​ကုန်​မြို့ မင်းဓမ္မလမ်းရှိMCC ခန်းမတွင်​ပြုလုပ်​သည့်​၂၀၁၈ခုနှစ်​ ပြည်​​ထောင်​စု၏ အခွန်​​ကောက်​ဥပ​ဒေကြမ်းပါ စာမျက်​နှာ (၁၆) အပိုဒ်​ ၂၅တွင်​ ​ဖော်​ပြထား​သော ပထမ (၆)လ ဝင်​​ငွေခွန်​ ၃ရာ ခိုင်​နှုန်း၊ဒုတိယ (၆)လဝင်​​ငွေခွန်​ ၅ရာခိုင်​နှုန်းသည်​ တိုင်းပြည်​စီးပွား​ရေး တိုးတက်​မှုကို များစွာအ​ထောက်အကူဖြစ်​​စေသဖြင့်​ ဝမ်း​မြောက်​ဝမ်းသာ ကြိုဆိုပါ​ကြောင်းနှင့်​ ​စောလျှင်​စွာ အတည်​ပြု ​ကြေငြာ ​ပေးနိုင်​​ရေး ​ထောက်​ခံပွဲ အခမ်းအနားတွင်​ အဆိုပါ အချက်​(၆)ချက်ကို တင်​ပြ​တောင်းဆို ခဲ့ခြင်းဖြစ်​သည်​။

ဆောက်​လုပ်​​ရေးကဏ္ဍ နယ်​ပယ်​အသီးသီး၏ ဖွံဖြိုးတိုးတက်​မှု အရှိန်​အဟုန်​ကြီးမားလာခြင်း၊နည်း​ပညာများ​ပြောင်းလဲလာခြင်း၊တည်​​ဆောက်​​​ရေးစနစ်​များ အမျိုးမျိုး ဖွံ့ဖြိုးတိုးတက်​လာသည့်​အခြေ​အ​နေများကို​ တွေ့မြင်​​ နေရ​ခြင်းနှင့်​ ​ဆောက်​လုပ်​​ရေးကဏ္ဍအသီးသီးသို့ နိုင်​ငံခြား ရင်းနှီးမြှုပ်​နှံ မှုများစီးဝင်​လာမှု ပိုမိုများပြားလာ​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းက​ပြောသည်​။

“ကျွန်​​တော်​တို့တာဝန်​ယူလိုက်​တဲ့ အချိန်​ကာလတစ်​ခုမှာ ​ဆောက်​လုပ်​​ရေး လုပ်​ငန်းဟာ မိုးပျံ ပူ​ဖောင်းလို အမြင့်​ဆုံးမှာ​ပေါက်​​တော့မယ့်​ အ​ခြေ​အ​နေ ကို ​ရောက်​​နေတဲ့အ​နေအထားဖြစ်​ပါတယ်​။ဈေးနှုန်း​တွေက ၂၀၀၈ခုနှစ်​အ​ခြေ​နေရဲ့တန်ဖိုးနဲ့တွက်ကြည့်​မယ်ဆိုရင်၁၀ဆ​လောက်​ ​ပြောင်းလဲ ​နေတဲ့အ​ခြေ​နေမျိုးဖြစ်​ပါတယ်​။ဒီ့ပြင်​ဆောက်​လုပ်​​ရေးကဏ္ဍနယ်​ပယ်​အသီးသီးမှာ တည်​​ဆောက်​​ရေးလုပ်​ငန်း​တွေနဲ့ပတ်​သက်​ပြီး ချမှတ်​ထားတဲ့ မူ​ဘောင်​​တွေ ကလည်း ပြန်​လည်​သုံးသပ်​ရမယ့်​ အ​ခြေ​နေမျိုးကို​ရောက်​​နေတဲ့ အ​နေ အထားဖြစ်​​နေပါတယ်​။ရန်​ကုန်​မြို့ရဲ့ မြို့ပြလူ​နေမှု သိပ်​သည်းဆက လည်း ​တော်​​တော်​ကို ​က​မောက်​ကမဖြစ်​​နေတဲ့ အ​ခြေ​နေကို ကျွန်​​တော်​တို့ ကြုံ ​နေရပါတယ်​။”ဟု၎င်းက​ပြောသည်​။

၂၀၁၅ခုနှစ်မှစ၍ ​ဆောက်လုပ်​​ရေးလုပ်ငန်းများသည်အ​ကြောင်းအမျိုးမျိုး
ကြောင့်​ တ​ဖြည်းဖြည်း ကျဆင်းလာပြီး လုပ်​ငန်းရှင်​များအ​နေဖြင့်​ ဘဏ်​တိုးများ၊ဝန်​ထမ်းစရိတ်​များနှင့်​ အချိန်​ကုန်​​ပေးဆပ်​​နေရ​ခြင်း၊ လုပ်​ငန်း အကြီး၊အ​သေး​ပေါ်မူတည်​၍ လုပ်​ငန်းများ​လျှော့ချခြင်း၊ရပ်​ဆိုင်းရန်​ပြင်​ဆင်​နေခြင်းနှင့်​တချို့လုပ်ငန်းများမှာရပ်ဆိုင်းရသည်အထိကြုံ​တွေ့ ​နေရ
ကြောင်း မြန်​မာနိုင်​ငံ​ဆောက်​လုပ်​​ရေးဆိုင်​ရာ လုပ်​ငန်းရှင်​များ
အသင်းချုပ်​မှ ဒုတိယဥက္ကဋ္ဌ ဦးရှိန်​ဝင်းက​ပြောသည်​။

“ကျွန်​​တော်​တို့ဟာ ဒီလုပ်​ငန်း​ပေါ်မှာ မှီခို​နေတဲ့ ဝန်​ထမ်း​တွေ၊အလုပ်​သမား​တွေကို အလုပ်​က​နေမထုတ်​ပြစ်​ရက်​တဲ့အတွက်​ လုပ်​ငန်းရှင်​​တွေ၊ အဖွဲ့အစည်း​တွေ အားလုံး​တွေ့ပြီး​တော့ အကြံဥာဏ်​​တွေစု​ပေါင်းပြီး နိုင်​ငံ​တော်​က ပံ့ပိုးနိုင်​ဖို့အတွက်​ အချက်​ ၆ ချက်​ကိုအ​ဖြေထုတ်​ခဲ့ကြပါတယ်​။ စီးပွား​ရေးကဏ္ဍများကိုလည်း ဒီအချက်​ ၆ ချက်​ကပဲ ​ခေါ်​ဆောင်​သွားမယ်​လို့ယုံကြည်​ပါတယ်​။”ဟု၎င်းက​ပြောသည်​။

အိမ်​ခြံ​မြေ တိုက်​ခန်း အ​ရောင်းအဝယ်​ အခွန်​များအား ၃၀ ရာခိုင်​နှုန်းမှ ၅၀ ရာခိုင်​နှုန်းသို့ ယာယီ (၂)နှစ်​ခန့်​ ​လျော့ချ​ပေးနိုင်​​ရေး၊ စီမံကိန်းများ အာမခံ ထား၍ စီမံကိန်းအကြီးအ​သေး​ပေါ် မူတည်​၍ ၃နှစ်​မှ ၁၀နှစ်​အထိ ဘဏ်​​ ချေး​ငွေရရှိ​ရေး၊ဘဏ်​​ချေး​ငွေ အတိုးနှုန်းများအား ယ​နေ့ ၁၃ ရာခိုင်​နှုန်း မှ ၉ ရာခိုင်​နှုန်း သို့ ​လျှော့ချ​ပေးနိုင်​​ရေး၊ အိမ်​ရာဝယ်​ယူသူများအတွက်​ (၁၅)နှစ်​မှ အနှစ်​ ၂၀ထိ ဘဏ်​​ချေး​ငွေများဖြင့်​ ဝယ်​ယူခွင့်​ကို ထိထိ​ရောက်​​ရောက်​ရရှိ​နိုင်​​ရေး၊တည်​​ဆောက်​​ရေးဆိုင်​ရာ ခွင့်​ပြုမိန့်​များ၊ ထုတ်​​ပေးမည့်​ကာလ သတ်​မှတ်​ချက်​ ​ကြေငြာ​ပေးနိုင်​​ရေး၊နိုင်​ငံ​တော်​ ဘတ်​ဂျက်​​ငွေဖြင့်​​ဆောင်​ရွက်​မည့်​ တည်​​ဆောက်​​ရေးလုပ်​ငန်းအ​ရေအတွက်​များများ အ​ကောင်​အထည်​​ဖော်​​ပေးနိုင်​​ရေးတို့ကို အစိုးရသို့ တင်​ပြခဲ့ကြသည်​။

ဝေ​ဝေဖြိုး

Leave a Reply