Trade Promotion Center တွင် လက်​မှုအနုပညာပစ္စည်းအ​ရောင်းပြခန်း​တစ်​​နေရာ​ပေးမည်

0
169

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈၊၂၀၁၈

လက်​မှုအနုပညာပစ္စည်းအ​ရောင်းစင်​တာတည်ဆောက်ရန် မြေနေရာ သီးခြားပေးသွားမည်မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီး၌ လက်ရှိပြန်လည် ပြင်ဆင်မှုပြုလုပ်နေသည့် Trade Promotion Centerတွင် ​နေရာတစ်ခုပေးသွားမည်ဖြစ်ကြောင်းမြန်မာ့ကုန်
သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ Trade Promotion Centerကို ပို့ကုန်
မြှင့်တင်ရေးအတွက်ရည်ရွယ်၍ ယခုဘဏ္ဍာနှစ်အတွင်း အပြီး ပြင်​ဆင်​သွားမည်​ဖြစ်​ပြီး ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်​အတွင်း စင်​တာဖွင့်​လှစ်​နိုင်​မည်​ဟု​မျှော်​မှန်းထား​ကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။

“Trade Promotion Center​ဆောက်​မယ့်​ကိစ္စကအ​ဆောက်​အဦပြင်​​နေတဲ့အဆင့်​ပဲရှိပါ​သေးတယ်​။ လက်​မှုအနုပညာပစ္စည်းအ​ရောင်းစင်​တာကို သူတို့အတွက်​သီးခြား​ပေးဖို့်တော့မရှိပါဘူး။ အဲ့ပစ္စည်း​တွေကို ဒီစင်​တာမှာပြပြီး​တော့ ​ရောင်းချနိုင်​အောင်​လုပ်​​ပေးသွားမှာပါ။”ဟု၎င်းက​ပြောသည်​။

ယင်းTrade Promotion Center ကို နိုင်ငံေ တ်ာအစိုးရမှ ပြင်ဆင်နေခြင်းဖြစ်၍ အစိုးရတစ်ဦးတည်း လုပ်ကိုင်ခြင်းထက် ကျွ မ်းကျင်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ ပိုမိုထိရောက်နိုင်သဖြင့်​ ​လေ့လာမှုများ ပြုလုပ်လျှက်ရှိပြီး အဆိုပါ စင်​တာ ပြင်​ဆင်​ပြီးပါက မြန်​မာနိုင်​ငံရှိ ပို့ကုန်​များကို ပြသ၍ ​ရောင်းချ​ပေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။

လက်​မှုအနုပညာပစ္စည်း လုပ်ငန်းများမှာ ရန်ကုန် တိုင်းဒေသကြီး၌ အများဆုံးလုပ်ကိုင်ခြင်းဖြစ်​ကာ
ယင်းလုပ်​ငန်းကို လုပ်ငန်းရှင် ၂၀ ဝန်းကျင်ခန့်​ပူး​ပေါင်း၍ အသေးစားစင်တာဖွင့်လှစ်ရောင်းချနေရခြင်းကြောင့် လက်မှုအနုပညာပစ္စည်း ထုတ်လုပ်မှုနှင့်ပတ်သက်၍ Home Decoration Item ဇုန်ကိုလည်း နိုင်ငံတော်အစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ပေးသင့်​ကြောင်း​မြန်မာ့လက်မှုအနုပညာ အသင်း မှအလုပ်​အမှု​ဆောင်​ ဦးစိုင်းလင်း က ပြောသည်။

“ဖွံ့ဖြိုးပြီးနိုင်​ငံကလူ​တွေဟာ လက်​နဲ့ပြုလုပ်​တဲ့ အနုပညာပစ္စည်း​တွေကို ပိုပြီးတန်​ဖိုးထားတယ်​။လာလည်​တဲ့ဧည့်​သည်​​တွေကလည်း ဒီပစ္စည်း​တွေကို အမြတ်​တနိုးဝယ်​ယူသွားကြတယ်​။အရင်​ကဆို ဝယ်​ယူပြီးသယ်​ယူသွားတဲ့​နေရာမှာ အခက်​ခဲ​တွေရှိတာကို တင်​ပြတဲ့အခါ သက်​ဆိုင်​ရာဌာနကလဲ ဖြစ်​နိုင်​တဲ့နည်းလမ်းနဲ့ ​ဖြေ​လျှော့​ပေးလာတာကိုလဲ​တွေ့ရတယ်​။ဒါ​ပေမယ့်​ ဒီ​လောက်​​ဖြေ​လျှော့​ပေးရုံ​လောက်​နဲ့ ဒီ​လောကကြီးက ထိုက်​သင့်​သ​လောက်​ တိုးတက်​လာမှာ​မဟုတ်​ဘူး။”ဟု၎င်းက​ပြောသည်​။

လက်မှုအနု ပညာပစ္စည်းများကို ထုတ်လုပ်သည့်​ အသင်းဖွဲ့များ၊လုပ်ငန်းရှင်များ၊ တနိုင်တပိုင် အတက်ပညာရှင်များမှစုပေါင်းပြီး ပြသသည့်​ စင်​တာကြီး တစ်ခုပေါ်ပေါက်ရန်​လိုအပ်​သလို နိုင်ငံတော်အနေနှင့်​လည်း ယင်းစင်တာကြီးတစ်ခုကို အကောင်အထည်ဖော်​ဆောင်​​ပေးသင့်​​ကြောင်း ၎င်းကသုံးသပ်​​ပြောဆို
သည်​။

သစ်​နှင့်​ပတ်​သက်​သည့်​ လူသုံးနည်းပစ္စည်းများ၊တန်​ဖိုးမြင့်​ထုတ်​ကုန်​ပြုလုပ်​သည့်​ပစ္စည်းများ၊​တောကျန်​၊​ရေကျန်​၊​ရေ​မျောကမ်းတင်​သစ်​များနှင့်​ သစ်​ထုတ်​လက်​ကျန်​သစ်​များသည်​ တန်းဖိုးမြှင့်​ထုတ်​ကုန်​များထုတ်​လုပ်​နိုင်​​သော​ကြောင့်​ ထုတ်​လုပ်​နိုင်​သည့်​ လုပ်​ငန်းရှင်​များ၊အသင်းအဖွဲ့များကို နိုင်​ငံ​တော်​အ​နေဖြင့်​ ​ထောက်​ပံ့​ပေးသင့်​​ကြောင်းဦးစိုင်းလင်းက အကြံပြု ​ပြောကြား
သည်​။

ဝေ​ဝေဖြိုး

Leave a Reply