မန္တလေးတွင် နေအိမ် (၄) လုံး မီးလောင်မှုဖြစ်ပွား

0
184

မန္တလေး၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၄) ရပ်ကွက် လမ်း ၆၀၊ ၆၁ လမ်းကြား ဇွန်လမ်း နှင့် ပိတောက်လမ်းကြားတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့် က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်ရခြင်းအကြောင်းမှာ အိမ် မျက်နှာကျက်တွင် တပ်ဆင်ထားသည့် ပန်ကာဖွင့်ထားရာမှ ပန်ကာအတွင်းရှိ ကွိုင်များအပူလွန်ပြီး မီးလောင်ရခြင်းဖြစ်ကြောင်း ယင်းမီးလောင်မှုကြောင့် (၂၀ × ၄၀) ပေ သွပ်မိုး ထရံကာ နှစ်ထပ် နေအိမ် (၂) လုံး၊ (၂၀ × ၃၀) ပေ သွပ်မိုး ထရံကာ မြေစိုက်တစ်ထပ် နေအိမ် (၁) လုံးနှင့် (၂၀ × ၄၀) ပေ RC နှစ်ထပ် (၁) မီးလောင်ခဲ့ပြီး ကျပ် ၃၄၅၀၀၀၀ ဖိုး ဆုံးရှုံးကြောင်း မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

အဆိုပာ ဖြစ်စဉ်အတွက် မီးစတင်လောင်သည့် နေအိမ်ပိုင်ရှင် ဒေါ်ခင်စန္ဒာထွေးကို ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁) ရဲစခန်းတွင် (ပ)၇၉/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply