စည်​ပင်​သာယာကို စီးပွား​ရေးဆိုင်​ရာအဖွဲ့အစည်းအဖြစ်​ပုံစံ​​ပြောင်းလဲမည်

0
234

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၁၈၊၂၀၁၈

စင်ကာပူ၊ဂျပန်​နှင့်​အ​နောက်​နိုင်ငံများ၏ပြုပြင်​​ပြောင်းလဲ​နေသော ​ဒေသန္တရ
စီမံအုပ်​ချုပ်​​ရေးစနစ်​​များနှင့်​ပြု ပြင်​ပြောင်းလဲမှု​များကိုနမူနာယူ၍ စည်​ပင်​သာယာကိုစီးပွား​ရေးဆိုင်ရာအဖွဲ့အစည်းအဖြစ်ပုံစံ​​ပြောင်းလဲသွားမည် ​ဖြစ်
ကြောင်းရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက
ပြောသည်​။

ယခုလ ၁၇ရက်​က ရန်​ကုန်​မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်​ပြုလုပ်​သည့်​​ ​ဆောက်​လုပ်​​ရေးကဏ္ဍဆိုင်​ရာ အခက်​အခဲများ တင်​ပြသည့်​ပွဲတွင်​ ၎င်းက ​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

တိုင်း​ဒေသကြီးအစိုးရအဖွဲ့​များ၏ လုပ်​ကိုင်​နိုင်​ခွင့်​​များနှင့်​ တိုင်း​ဒေသကြီး လွှတ်​​တော်​​များက​ ပြဌာန်း​ပေးနိုင်​သည့်​ ဥပ​ဒေ​များ​ပေါ်မူတည်​ပြီး စည်​ပင်​သာယာ​ရေး​ကော်မတီကိုစီးပွား​ရေးဆိုင်ရာအဖွဲ့အစည်းအဖြစ်ပုံစံ​ ​ပြောင်းလဲသွားမည်​ဖြစ်​​ကြောင်း၎င်းက​ပြောသည်​။

“စည်​ပင်​သာယာက​နေ နယ်​​မြေ​တွေကို တည်​​ဆောက်ရေးလုပ်​ငန်း​တွေကို​ဆောင်​ရွက်​​နေတာရှိပါတယ်​။စည်​ပင်​သာယာနယ်​နမိတ်​အတွင်းမှာ ၁၀၀ ဘီလီယံ​လောက်​တည်​​ဆောက်​​ရေးလုပ်​ငန်း​တွေကို လုပ်​မယ်​ဆိုရင်​ဒီ ၁၀၀ ဘီလီယံက​နေ အမြတ်အစွန်း တစ်​စုံတစ်ရာရှိရပါမယ်​။ဒါ​ပေမယ့်​ လက်​ရှိအ​ခြေ​နေမှာ​တော့ မရှိ​သေးပါဘူး။ကျွန်​​တော်​တို့ရဲ့ဝန်​ထမ်း​တွေကိုပံ့ပိုးနိုင်တဲ့အ​ခြေ​နေမရှိ​သေးပါဘူး။ဒါ​ကြောင့်​မို့အခုလို ​ပြောင်းလဲဖို့ဖြစ်​ပါတယ်။”ဟု ဦးဖြိုးမင်းသိန်းက​ပြောသည်​။

ထိုသို့ပြု ပြင်​​ပြောင်းလဲမှု​များကိုလုပ်​​ဆောင်​ရာတွင်​ မူဝါဒ​ရေးရာ အရ ​အောင်​မြင်​သည့်​ မြို့​တော်​ကြီးဖြစ်​ရန့်​အတွက်​ စည်ပင်​သာယာဥပ​ဒေ
မူကြမ်းတခုကို ပြုစုထား​ကြောင်းနှင့်​ယင်းဥပ​ဒေကြမ်း ကိုလည်း တိုင်း​ဒေသကြီး လွှတ်​​တော်​သို့ လွှဲအပ်​ထားပြီးဖြစ်​​​ကြောင်းသိရသည်​။

စည်​ပင်​သာယာဥပ​ဒေကြမ်း ပြုပြင်​​ပြောင်းလဲခြင်းလုပ်​ငန်း​များ နှင့်​​ဆောက်​လုပ်​​ခွင့်​ပါမစ်​​များ​ပြောင်းလဲ​ဆောင်​ရွက်​နိုင်​​ရေးတို့ကို ၂၀၁၈ခုနှစ်​အတွင်း ပြီးစီး​အောင်​​ဆောင်​ရွက်​သွားမည်ဖြစ်​ပြီး ​ဆောက်လုပ်​​ရေး လုပ်​ငန်းရှင်​​များအ​နေဖြင့် လုပ်​ငန်းဆောင်​ရွက်​ရာ၌ လွယ်​ကူမှုရှိလာနိုင်​​စေရန်​နှင့်​ပို​မို​ချော​မွေ့သည့်​စနစ်​ဖြစ်​လာနိုင်​​စေရန်​အတွက်​​ ဆောင်​ရွက်​​ပေးခြင်း ဖြစ်​​ကြောင်း သိရသည်​။

“ဒီဥပ​ဒေကြမ်းကို အားလုံးကိုပြင်​ဆင်​ပြီး​တော့လည်း အတည်​ပြုနိုင်​ပါတယ်​။ အပိုင်းလိုက်​ပြင်​ဆင်​ပြီး​တော့လည်း အတည်​​ပြုနိုင်​ပါတယ်​။ လိုတာကို ယူပြီး မလိုအပ်​တဲ့အပိုင်း​တွေကို နုတ်​နိုင်​ပါတယ်​၊ ဒါ​ပေမယ့်​လွှတ်​​တော်​ကပြဌာန်း လိုက်​တဲ့ဥပ​ဒေ​တွေအတိုင်းပဲ​ဆောင်​ရွက်​မှာဖြစ်​ပါတယ်​။ဒီဥပ​ဒေရဲ့ အားနည်းချက်​ အားသာချက်​က လက်​​တွေ့အ​ကောင်​အထည်​​ဖော်​တဲ့​နေရာမှာ​ပေါ်​ပေါက်​လာမှာဖြစ်​ပါတယ်​။ဒီအ​ခြေ​နေ​ပေါ်မှာမူတည်​ပြီး လိုအပ်​ရင်​လဲ လွှတ်​​တော်​ကိုပြန်​လည်​တင်​ပြရမယ့်​အ​ခြေ​နေမျိုးရှိနိုင်ပါတယ်​”ဟု ၎င်းက ဆက်​လက်​​ပြောဆိုသည်​။

ထိုဥပ​ဒေကြမ်းကို ဘက်​​ပေါင်းစုံမှပြု ပြင်​​ပြောင်းလဲနိုင်​သည့်​ အ​ကောင်း ဆုံးဖြစ်​နိုင်​မည့်​ မူဝါဒတစ်​ရပ်​၊ဥပ​ဒေကြမ်းတစ်​ရပ်ဖြစ်​​စေရန်​ ဆောင်ရွက် သွားမည်ဖြစ်​ကြောင်း ​၎င်းက​ပြောသည်​။

ထို့ပြင်​​ဆောက်​လုပ်​​ရေးလုပ်​ငန်းများ လုပ်​​ဆောင်​ရာတွင်​ စနစ်​တကျ တည်​​ဆောက်​ခွင့်​​များ​ပေးရန်​နှင့်​လုပ်​ငန်း​များဆောင်​ရွက်​ရာ၌ လွယ်ကူ မှုရှိ​စေရန်​ဟူ​သောစနစ်​တစ်​ခုကို ထူ​ထောင်​ရမည်​ဖြစ်​ပြီး စည်​ပင်​သာယာမှ ခွင့်​ပြုမိန့်​ ​ပေးသည့်​ အချိန်တွင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိရ မည် ​ဖြစ်​​သော ​ကြောင့်​ မူ​ဘောင်​တစ်​ခု​ပေါ်မှ ညှိနှိုင်း​ဆောင်​ရွက်​နိုင်​သည့်​ စနစ်​တစ်​ခုသို့ သွားရမည်​ဖြစ်​​ကြောင်း၎င်းက​ပြောသည်​။

ဝေ​ဝေဖြိုး

Leave a Reply