ဘီယာဆိုင်တွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

0
205

မန္တလေး၊ ဖေဖော်ဝါရီ ၁၉၊ ၂၁၀၈

မန္တလေးမြို့ အမရပူရမြို့နယ် ကျန်တန်းရပ်ကွက် ကောင်းကင်ပြာ ဘီယာ ဆိုင်တွင် ဖေဖော်ဝါရီ ၁၈ ည ၁၁ နာရီအချိန်က စကားများရန်ဖြစ်ရာမှ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အမရပူရမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

သေဆုံးသူမှာ ကိုမောင်မောင် (၂၈) နှစ်ဖြစ်ပြီး အခင်ဖြစ်နေရာတွင် ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေခြင်းဖြစ်ကာ တရာခံမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

“ဒီအမှုမှာ အရက်သေစာသောက်စားပြီး မူးနေတဲ့အတွက် ဘာမှ အမှားအမှန် မခွဲခြားနိုင်ပဲ ဒေါသအလျောက် ကျူးလွန်တာဖြစ်တယ်။ တရားခံဖမ်းဆီးရမိဖို့တော့ ဆက်လက်ဆောင်ရွက်နေတယ်”ဟု အမရပူရမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ယင်းအမှုနှင့် ပတ်သတ်ပြီး သေဆုံးသူ၏ ယောက်ဖတော်စပ်သူ ကိုဘိုဘို (၃၄) နှစ် က တရားလိုပြုလုပ်ပြီး အမရပူရမြို့မရဲစခန်းတွင် (ပ) ၆၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply