သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဖလော်ရီဒါစာသင်ကျောင်းမှ ကျောင်းသားများ ချီတက်ပြီး သေနတ်ကိုင်ဆောင်မှုထိန်းချုပ်ရေး တောင်းဆိုမည်

0
158

ပါ့ခ်လန့် ဖေဖော်ဝါရီ ၁၉

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ပါ့ခ်လန့်ရှိ မာဂျရီ စတုန်းမန်းဒေါက်ဂလစ်စာသင်ကျောင်း၌ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျောင်းသားဟောင်းတစ်ဦး သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကျောင်းသားနှင့် ဝန်ထမ်း ၁၇ ဦးသေဆုံးခဲ့ရာ ယင်းစာသင်ကျောင်းမှ ကျောင်းသားကျောင်းသူများသည် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး တောင်းဆိုသည့်အနေဖြင့် ချီတက်ဆန္ဒပြမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ပစ်ခတ်မှုသည် သေနတ်ကိုင်ဆောင်မှုထိန်းချုပ်ရေးတွင် အလှည့်အပြောင်းဖြစ်စေမည်ဖြစ်ကြောင်း စီစဉ်သူကျောင်းသားများက အမေရိကန်မီဒီယာများသို့ပြောဆိုခဲ့သည်။ ဖေဖော်ဝါရီ ၁၈ ရက်တွင် လည်း ကျောင်းသားများသည် ချီတက်ဆန္ဒပြမှုများကိုပြုလုပ်ခဲ့သည့် ဥပဒေပြုအမတ်များနှင့် သမ္မတတို့တာဝန်မကျေသည့်အတွက် ရှက်စရာကောင်းလှကြောင်း ပြောဆိုခဲ့သည်။

သေနတ်ကိုင်ဆောင်ခွင့်ကို မည်သည့်အခါမှ ကန့်သတ်မည် မဟုတ် ကြောင်း ဒေါ်နယ်ထရမ့်က ယမန်နှစ်တွင်ပြောဆိုခဲ့သည်။ ဘားရက်အိုဘားမား သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန် အစောပိုင်းနှစ်များတွင် ဒီမိုကရက်တစ်အမတ်များသည် လွှတ်တော်ကို ထိန်းချုပ်ထားသော်လည်း ယင်းအချိန်တွင် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေးဥပဒေကြမ်းကို အတည်ပြုခြင်းမပြုခဲ့သည့်အတွက် ၎င်းတို့ကိုပြစ်တင်ရမည်ဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။ သေနတ်ဖြင့်ပစ်ခတ်သူအဖြစ် သံသယရှိသူ နီကိုလပ်စ်ခရုဇ်နှင့် ပတ်သက်ပြီး သတင်းပေးမှုကြိုတင်ရရှိခဲ့သော်လည်း အရေးယူရန် ပျက်ကွက်ခဲ့ကြောင်း အက်ဖ်ဘီအိုင်က ဝန်ခံထားသည်။ အက်ဖ်ဘီအိုင်သည် တာဝန်ပျက်ကွက်ခဲ့ကြောင်း ထရမ့်က ပြစ်တင်ပြောဆိုခဲ့သည်။

အမေရိကန်ဥပဒေပြုအမတ်များက ကလေးငယ်များနှင့် မိသားစုများအား ဦးစားပေးလာရေးအတွက် မတ် ၂၄ ရက်တွင် အစိုးရကိုဖိအားပေးသည့် ချီတက်မှုတစ်ခုကို ပြုလုပ်မည်ဖြစ်ကြောင်း စာသင်ကျောင်းမှ အသက်ရှင် ကျန်ရစ်သည့် ကျောင်းသားများက ပြောဆိုခဲ့သည်။ ဝါရှင်တန်တွင် သာမက အခြားသော မြို့များတွင်ပါ ချီတက်မှုများကို တစ်ပြိုင် နက်ပြု လုပ်မည်ဖြစ်သည်။

လူကြီးများက ငြင်းခုန်နေကြချိန်တွင် ကျောင်းသားများ အသက်ဆုံးရှုံးနေပြီဖြစ်ကြောင်း ကျောင်းသားတစ်ဦးဖြစ်သည့် ကင်မရွန်းကက်စ်ကီကပြောဆိုခဲ့သည်။ ဖေဖော်ဝါရီ ၁၇ ရက်တွင်လည်း ကျောင်းသားများ၊ မိဘများနှင့် နို်င်ငံရေးသမားများသည် ပါ့ခ်လန့်နားရှိ ဖို့လောက်ဒါဒေးလ်၌ ချီတက်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။

အမေရိကန်သမ္မတနှင့် အခြားနိုင်ငံရေးသမားများသည် အမျိုးသား ရိုင်ဖယ်အသင်း( အင်န်အာရ်အေ)ထံမှ အလှူငွေများ ကိုလက်ခံ ထားသောကြောင့် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ခြင်းကို မပြု လိုကြ ကြောင်း အထက်တန်းကျောင်းမှ ကျောင်းသူ အမ်မာဂွန်ဇာလက်ဇ် ကပြောဆိုခဲ့သည်။ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကာလအတွင်း အင်န်အာအေသည် ထရမ့်၏မဲဆွယ်စည်းရုံးရေးအဖွဲ့သို့ ဒေါ်လာ ၁၁ ဒသမ ၄ သန်းလှူဒါန်းခဲ့ကြောင်း တုံ့ပြန်မှုနိုင်ငံရေး ဗဟိုဌာန၏ စာရင်း အင်းများတွင်ဖော်ပြထားသည်။

Source:BBC

ရိုးမြေ

Leave a Reply