YBS ၄၀ နှင့် Alpine သောက်ရေသန့်စက်ရုံ ဖယ်ရီယာဉ်တိုက်မှုဖြစ် ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိ

0
162

ရန်ကုန်။ ဖေဖော်ဝါရီ ၁၉။ ၂၀၁၈

YBS ၄၀ ယာဉ်လိုင်းနှင့် Alpine သောက်ရေသန့်စက်ရုံ ဖယ်ရီကား တို့သည် ယနေ့မနက် ၁၀နာရီခန့် က မင်္ဂလာဒုံမြို့နယ် ဝါယာလက် မှတ်တိုင် အ.ထ.က ၁ ကျောင်းရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၁၅ ဦးရှိပြီးခန့်ရှိပြီး မစိုးရိမ်ရကြောင်းလည်း သွားရောက်ကူညီပေးသူ ကိုကျော်ကြီး က ပြောသည်။

“ မနက် ၁၀ နာရီကျော်လောက်မှာ တိုက်တာပါ။ အယ်ပိုင်းဖယ်ရီက ကွေ့မလို့ရပ်နေချိန် လိုင်းကားက လမ်းပြောင်းပြန်ကျော်တဲ့အခြေအနေမှာ တိုက်တာပါ။ ထိခိုက်တဲ့သူ ၁၅ ယောက်ကို မေဒါဝီဆေးရုံကို ပို့လိုက်ပါပြီ။ ခြေကျိုး ခေါင်းပေါက်တဲ့လူနာတွေပဲရှိပါတယ်။ မစိုးရိမ်ရပါဘူး။” ပဉ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ကိုကျော်ကြီးက ပြန်လည်ဖြေကြားသည်။

ထိခိုက်ဒဏ်ရာရှိသူများကို ကူညီရန်အတွက် ပုလလဲမီးသတ် ဌာနသို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ကားနှစ်စီးကြား ညပ်နေသူများကိုလည်း ကူညီထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူအများစုမှာ တိုက်ကြီးမြို့နယ်မှ ဖြစ်ကြောင်း ကူညီသူများ ပြောပြချက်အရသိရသည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ – ကျော်ကြီး

Leave a Reply