ဆိုင်ကယ်မောင်းသူကို တွန်းလဲပြီး ဆိုင်ကယ်လုယူခဲ့သူများအား ဖမ်းဆီးရမိ

0
150

မန္တလေး၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၈

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်း ကျေးရွာအုပ်စု ရေတံခွန်တောင် ကားလမ်း၌ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်မောင်းသူအား တွန်းလဲပြီး ဆိုင်ကယ်လုယူခဲ့သူများအား ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ဦးဌေးလွင်သည် ရန်ကုန်-မန္တလေးကားလမ်းမဘေး၊ နီလာရိုးမဆီဆိုင်အနီးရှိ ဆိုင်ကယ်ကယ်ရီ ဂိတ်တွင်ရှိနေစဉ် အမျိုးသား ၂ ဦးရောက်ရှိလာပြီး ဆိုင်ကယ်ကယ်ရီငှား သဖြင့် ၎င်းပိုင် ဆိုင်ကယ် ဖြင့်လိုက် ပို့ပေးခဲ့သည်။ ထို့နောက် အခင်းဖြစ်ပွားရာ ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်း ကျေးရွာအုပ်စု ရေတံခွန်တောင် ကားလမ်း၌ ၄င်းအမျိုးသား ၂ ဦးမှ ဆိုင်ကယ်ရပ်ခိုင်း သဖြင့် ဆိုင်ကယ် ရပ်ပေးခဲ့ရာ ဆိုင်ကယ်မောင်းသူအားတွန်းလှဲပြီး ဆိုင်ကယ်အား ခိုးယူမောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့မရဲစခန်းတွင် (ပ)၄၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရအမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင် ရွက်ခဲ့သည် ။ ထို့နောက်သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ချမ်းမြသာစည်မြို့နယ် ၅၉ လမ်း မနော်ဟရီလမ်းထောင့်ရှိ ဆိုင်ကယ်ပွဲစားတန်းတွင် ဆိုင်ကယ် လိုက်လံရောင်းချနေသော မသင်္ကာစရာ လူငယ် ၂ ဦးဖြစ်သည့် လှမင်း(ခ) နိုင်မင်း (၂၉) နှစ် နှင့် ထက်အာကာ(ခ)ဇင်ကို (၁၉) နှစ်တို့ကို စစ်ဆေးခဲ့ရာ ၄င်းတို့က ဆိုင်ကယ်လုယူခဲ့ကြောင်း ဝန်ခံခဲ့သည်။

တရားခံများကို သက်ဆိုင်ရာမှ ဖမ်းဆီးပြီး တရားရုံးစွဲတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

နိုင်လင်းဦး

photo – Mandalay Police

Leave a Reply