ခိုးမှုကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးရာ နောက်ထပ်ခိုးမှု (၂)မှု ထပ်မံဖော်ထုတ်ရရှိ

0
185

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ခိုးမှု ကျူးလွန်သူ တစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးရာ နောက်ထပ်ခိုးမှုများ ထပ်မံဖော်ထုတ်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ ည ၈ နာရီအချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊
သာယာကုန်းရပ်ကွက်နေ ဒေါ်—-သည် နေအိမ်ရှေ့တွင် ၎င်းပိုင်ယာဉ်
အမှတ် 6F/—– ဟိုက်ဂျက် အဖြူရောင်ယာဉ်၏ နောက်ခန်းတွင် အ၀တ်
အထည် မျိုးစုံ (၁၀၇၀)ထည်၊ တန်ဖိုး (၇၄)သိန်းကျပ်အား တင်ဆောင်၍
သော့ခတ်ထားခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်
သွားရောက်ကြည့်ရှု့ရာ ပျောက်ဆုံးနေသဖြင့် မင်္ဂလာတောင်ညွန့်မြို့မ
ရဲစခန်း(ပ) ၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်အား ပေါ်ပေါက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှမှုခင်းဖော်ထုတ်ရေး တပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ ယာဉ်အမှတ် GG/——Mira အမျိုးအစား အငှားယာဉ်မှာ အခင်းဖြစ်နေရာ ပတ် ၀န်းကျင်တွင်သွားလာနေသည် ကို စိစစ်တွေ့ရှိခဲ့ရပြီး ယာဉ်မောင်းမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/အနောက်ရပ်ကွက်နေ စိုးရာဇာ(ခ) မိုဟာမက်အဘတ်စ်(၃၃)နှစ် ဆိုသူဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ၎င်းအား ဖေဖော်ဝါရီ၁၂ ရက်နေ့ ည ၈ နာရီခွဲအချိန် မင်္ဂလာတောင်ညွန့် မြို့နယ်၊ စက်ရုံလမ်းပေါ်တွင် GG/—— Mira အမျိုးအစား အငှား ယာဉ်နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

စိုးရာဇာ(ခ) မိုဟာမက်အဘတ်စ် စစ်ဆေးရာ ၎င်းသည်အငှားယာဉ်အား
တစ်ရက်(၁)သောင်းကျပ်ဖြင့် ငှားရမ်းမောင်းနှင်၍ အဆိုပါအငှားယာဉ်ဖြင့်
ဖေဖော်ဝါရီိလအတွင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက်၊အောင်သပြေလမ်းပေါ်တွင် ရပ်ထားသည့် ယာဉ်အမှတ် 6F/—– ဟိုက်ဂျက်အမျိုးအစား အဖြူရောင်ယာဉ်ပေါ်မှ အ၀တ်အထည် ထုပ်များအားလည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အလံပြ ဘုရားလမ်း အနီးခရီးသည်အမျိုးသမီးမှ ယာဉ်ပေါ်သို့ ဆေးမှုန့်အထုပ်များ တင်ဆောင်နေပြီးကျန်ရှိပစ္စည်းများ တင်ဆောင်ရန်သွားနေစဉ် ယာဉ်အား မောင်းနှင်၍ လည်းကောင်း၊ ဆက်လက်၍ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းကြီးဘေးတွင် ရပ်ထားသည့် ယာဉ်ပေါ်မှ အထည်များအား လည်းကောင်းခိုးယူရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ယာဉ်နှင့်
ခိုးယူခဲ့သည့် သက်သေခံ ပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ကာ
ပြစ်မှုကျူးလွန်သူ စိုးရာဇာ(ခ) မိုဟာမက်အဘတ်စ် အား သက်ဆိုင်ရာ
ရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး
သက်သေခံပစ္စည်းများနှင့်စပ်လျဉ်း၍ပိုင်ရှင်အစစ်အမှန်သိရှိနိုင်ရန်အ တွက်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာရဲစခန်းများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။

MM

Yangon Police

Leave a Reply