သစ်​​တောထွက်ကုန်လက်မှုပစ္စည်းများကိုပြည်ပပြပွဲသို့သွား​ရောက်  ​ပြသနိုင်​ရန်​ အစိုးရနှင့်​ညှိနှိုင်းမည်

0
181

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၁၉၊၂၀၁၈

သစ်​​တောထွက်​ကုန်​ မြန်​မာ့လက်​မှုအနုပညာပစ္စည်းများကို နိုင်​ငံတ ကာ ​ဈေးပွဲ​တော်များ​တွင်​ သွား​ရောက်​ပြသနိုင်​​ရေးအတွက်​ တိကျသည့်​ မူဝါဒများ ချမှတ်​​ပေးရန်​ သစ်​​တောဦးစီးဌာနနှင့်​ ညှိနှိုင်း​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း မြာ့လက်​မှုအနုပညာအသင်းမှအလုပ်​အမှု​ဆောင်​ ဦးစိုင်းလင်းက​ပြောသည်​။

တန်​ဖိုးမြှင့်​ထုတ်​ကုန်​ပစ္စည်းများ၊အသင့်​သုံးကုန်​​ချောအဖြစ်​ထုတ်​လုပ်​နိုင်​သည့်ပစ္စည်းနှင့်​ ပြန်​လည်​ထုတ်​လုပ်၍့​မရနိုင်သည့်​ပစ္စည်း​များကို အိမ်​နီးချင်းနိုင်​ငံများရှိ ပြပွဲ​​များတွင်​ ယခုထက်​ပိုမိုသွား​ရောက်​ပြသနိုင်​​ရေး အတွက်​ ညှိနှိုင်း​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

“နိုင်ငံတကာပြပွဲ​တွေကိုသွားပြီးပြတဲ့ကျွန်​​တော်တို့နိုင်ငံကပြခန်း ​လေး
တွေဆိုရင်​ အင်​မတန်​မှ မျက်​နှာငယ်​ရတယ်​။ပစ္စည်း​လေး​တွေက ဟိုတစ်​ဆ ဒီတစ်​ဆနဲ့ တစ်ခါတ​လေကျရင်​ ပစ္စည်း​တောင်​မပြနိုင်​ဘဲနဲ့ လက်​ကမ်းစာ​စောင်​လေး​တွေကို ပြရတဲ့အဆင့်​​တောင်​ရှိတယ်​။ သူများနိုင်​ငံက ပစ္စည်း​တွေဆိုရင်​ ကွန်​တိန်​နာကြီး​တွေနဲ့လာကြတယ်​။အဲ့တာကလဲ အစိုးရရဲ့​ထောက်​ပံ့မှုနဲ့ပြပွဲသွားတဲ့ကုန်​သည်​​တွေရဲ့စည်းကမ်းလိုက်​နာမှု ဒီဟာ​တွေ​ပေါ်မှာမူတည်​ပါတယ်။”ဟု၎င်းက​ပြောသည်​။

ထိုကဲ့သို့နိုင်​ငံတကာပြပွဲများတွင်​ သွား​ရောက်​ပြသနိုင်​​ရန်​ အစိုးရမှ တိကျသည့်​မူဝါဒများချမှတ်​​ပေးရန်​လိုပြီး ကုန်​သည်​များအ​နေဖြင့်​လည်း အစိုးရက ချမှတ်​​ပေးသည့်​ မူဝါဒများအ​ပေါ် တိကျစွာ လိုက်​နာ​ဆောင်​ရွက်​သွားမည်​ဆိုပါက ယင်းကဏ္ဍမှာ ယခုထက်​ပိုမိုတိုးတက်​လာနိုင်​မည်​ဖြစ်​​ကြောင်း ၎င်းက အကြံပြု​ပြောကြားသည်​။

“ကျွန်​​တော်​တို့အ​နေနဲ့ ပြပွဲ​တွေမှာ ဒီလိုကျင်းပရတယ်​ဆိုတဲ့ အ​ကြောင်း ရင်းကလဲ ဒီပစ္စည်း​တွေက​နေပြီး အခုလိုထုတ်​လုပ်​​နေပါတယ်။
နိုင်ငံ​တော်အကြီးကဲ​တွေကိုလဲဒီပစ္စည်း​တွေကိုနိုင်ငံတကာ ​ဈေးပွဲ​တော်
တွေမှာသွား​ရောက်​ပြသဖို့အတွက်​ ခွင့်​ပြု​ပေးနိုင်​​အောင်​တင်​ပြထား ပါတယ်​။ မကြာခင်​ဖြစ်​လာမှာပါ။ တိကျတဲ့မူဝါဒ​တွေကို သစ်​​တော ဦးစီးဌာနနဲ့ ကျွန်​တော်​တို့နဲ့ ဆက်​လက်​ညှိနှိုင်း​ဆောင်​ရွက်​သွားရမှာပါ။ ရလဒ်​တစ်​ခု​တော့ထွက်​လာမှာပါ။အားလုံးက ဖွံဖြိုးမှုကို ဦးတည်​​နေတဲ့ အတွက်​ ရလဒ်​​ကောင်း​တွေထွက်​လာလိမ့်မယ်​လို့ ​မျှော်​လင့်​ပါ
တယ်​ ​”ဟု၎င်းကဆက်​လက်ပြောဆိုသည်​။

၂၀၁၇ခုနှစ်​ နှစ်​ကုန်​ပိုင်းမှစတင်​၍ အ​မေရိကန်​​ဒေါ်လာ ၅၀၀ခန့်​ တန်​ဖိုးရှိသည့်​ လက်​မှုပစ္စည်းများအား ​တနိုင်​တပိုင်​လွတ်​လပ်​စွာ သယ်​ယူခွင့်​ကို ခွင့်​ပြု ထားပြီးဖြစ်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၁၉၊၂၀၁၈

Leave a Reply