ဗိုလ်တထောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ပစ္စည်းလု ငွေယူကာ မုဒိမ်းမှု ကျူးလွန်ခဲ့သူကို ဖမ်းမိ 

0
161

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၈

ဗိုလ်တထောင်မြို့နယ်တွင် ပစ္စည်းများ ငွေများခြောက်လှန့်တောင်းယူ ကာ မုဒိမ်းမှုကျူးလွန်ခဲ့သူကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ဗိုလ်တထောင်မြို့ နယ်၊(၄၂)လမ်း၊ ဆောက်လက်စ (၈)ထပ် အဆောက်အအုံ၏ ပထမထပ်
တိုက်ခန်းတွင် သားဖြစ်သူနှင့် အလုပ်သမားများမှ ဆောက်လုပ်ရေး
လုပ်ငန်းများကို လုပ်ကိုင်နေစဉ် မိခင်ဖြစ်သူ ဒေါ်—–(၅၀)နှစ်သည်
ဆောက်လက်စတိုက်ခန်းတွင် တစ်ဦး တည်းရှိ နေခဲ့သည်။ ထိုအချိန်တွင် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက နားကပ်နှင့် ငွေကျပ်(၂)သိန်း တို့အား ခြိမ်းခြောက် တောင်းယူခဲ့ပြီး သားမယားအဖြစ်ပြုကျင့်ခဲ့သူ မျိုးမင်းသူ (ခ) မျိုးဦးအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က (၂၄)နာရီ အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ မျိုးမင်းသူ(ခ)မျိုးဦးအား အခြားအမှုများကျူးလွန်
ထားခြင်းရှိ မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ အတွင်းက ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတားပေါ် စကားပြောနေသည့် စုံတွဲထံမှ Huawei G 700 အမျိုးအစား လက်ကိုင် ဖုန်း တစ်လုံးအား လုယက်ခဲ့ကြောင်း ၊ ၎င်းတံတားအဆင်း၌ပင် Marukin စာတန်းပါ ရပ်ထားသော မိန်းမစီးစက်ဘီး တစ်စီးအား ခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ မျိုးမင်းသူ(ခ)မျိုးဦးအား ဒေါပုံမြို့မရဲစခန်းတွင်
အမှုများအသီးသီးရေးဖွင့်ကာ ထိရောက် ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိသည်။

MM
Yangon Police

Leave a Reply