JICAအကူအညီဖြင့်​ Standard Operation Procedures ( SOPs ) ကို ယခုဘဏ္ဍာနှစ်အ တွင်း အပြီးသတ်ရေးဆွဲမည်

0
131

ရန်​ကုန်​၊ ​ဖေ​ဖော်​ဝါရီ ၁၉၊ ၂၀၁၈

ဂျပန်​အပြည်​ပြည်​ဆိုင်​ရာပူး​ပေါင်း​ဆောင်​ရွက်​​ရေး​အေဂျင်​စီ(JICA) ၏အကူအညီဖြင့်​ Standard Operation Procedures ( SOPs ) ကို ယခုဘဏ္ဍာနှစ်အတွင်း အပြီးသတ်​ရေးဆွဲသွားမည်​ဖြစ်​​ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

One Stop Services (OSS) ၏ ဝန်ဆောင်မှု လုပ်ငန်းများ ခိုင်မာ အားကောင်းစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် လွယ်ကူ ချောမွေ့ စေရေးအတွက် ပူးပေါင်းရေးဆွဲလျက်ရှိသည့် Standard Operation Procedures (SOPs)မူကြမ်းကို ယခုဘဏ္ဍာနှစ်​အတွင်း အပြီးသတ်​​ရေးဆွဲသွားမည်​ဖြစ်​​ကြောင်း ရင်းနှီးမြုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးသန်းအောင်ကျော် က ပြောသည်။

“SOPs မှာ ရင်းနှီးမြှုပ်​နှံမယ့်​လူတစ်​​ယောက်​က ဒါကိုကြည့်​လို​က်​တာနဲ့ ​လျှောက်​လွှာတင်​ချိန်​မှာ ဘာ​တွေလိုတယ်​။ဆောက်​လုပ်​​ရေး ကိစ္စဆိုဘာ​တွေလိုလဲ ဘယ်​​ဘောင်​​နဲ့​လျှောက်​ရမယ်​။ စည်​ပင်​သာယာကို ဘာနဲ့သွား​လျှောက်​ရမယ်​။ လျှပ်​စစ်​ရဖို့အတွက်ဆို ဘာနဲ့သွား​လျှောက် ရမယ်​။အားလုံးကိုတစ်ပြိုင်​နက်​တည်း သတင်းအချက်​လက်​ရဖို့အတွက်​လုပ်​တာပါ။အဲ့တာကဘယ်​နှစ်​ရက်​ကြာမယ်​၊​ငွေဘယ်​​လောက်​ကုန်​မလဲဆိုတာ အ​သေးစိပ်​ပါမယ်​။”ဟု၎င်းက​ပြောသည်​။

ရင်းနှီးမြှုပ်​နှံမှု ဥပ​ဒေအရ OSS (One Stop Services)ကို ပြုလုပ်​ရခြင်းဖြစ်ကာSOPsကိုအဓိကကျသည့်​ကုန်သွယ်မှုဌာနများ၊ ​ငွေ​ကြေး
ဌာနများ၊လယ်​ယာထွက်​ကုန်​ဌာနများ၊သဘာဝပတ်​ဝန်းကျင်​ဌာနများနှင့်​ပတ်​သက်​ပြီး​ဆောင်​ရွက်​ချက်​များ မြန်​ဆန်​​စေရန်​အတွက်
JICA၏အကူအညီဖြင့်​ ပြန်​လည်​​ရေးဆွဲ​နေခြင်း​ ဖြစ်​​ကြောင်းသိရသည်​။

အဆိုပါ SOPs ကို ပြီးခဲ့သည့် ၆လခန့်​က စတင်​​ရေးဆွဲခဲ့ခြင်းဖြစ်​ပြီး ယခုဘဏ္ဍာနှစ်​အတွင်း ပြီးစီး​အောင်​​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း ၎င်းက​ပြောသည်​။

ဝေ​ဝေဖြိုး

ရန်​ကုန်​၊ ​ဖေ​ဖော်​ဝါရီ ၁၉၊ ၂၀၁၈

Leave a Reply