ချယ်လ်ဆီးကို စွန့်ခွာဖွယ်ရှိနေတဲ့ ဟာဇက်

0
173

ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၈

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ဟာဇက်ဟာ နွေရာသီ အပြောင်း အရွှေ့မှာ ချယ်လ်ဆီးကနေ ထွက်ခွာပြီး အသင်းသစ်တစ်ခုမှာ ကစားနိုင်ဖို့အတွက် စီစဉ်နေပြီလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဟာဇက်ဟာ ရီးရဲမက်ဒရစ် ၊ PSG စတဲ့ အသင်းတွေမှာ သွားရောက် ကစားဖို့ စိတ်ဝင်စားနေပါတယ်။ သူဟာ ချယ်လ်ဆီးအသင်းမှာ ပျော်ရွှင်နေသော်လည်း နွေရာသီမှာ အသင်းကို စွန့်ခွာဖို့ ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။

စပိန်ထိပ်သီးအသင်းဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းဟာ ဟာဇက်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ချယ်လ်ဆီးအသင်းနဲ့ အသေးစိတ်ဆွေးနွေးမှုတွေကို ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

PSG အသင်းဟာလည်း သူတို့ရဲ့ စိတ်ပျက်စရာ ကောင်းနေတဲ့ အသင်းရဲ့ တိုက်စစ်အတွက် ဟာဇက်ကို ခေါ်ယူအားဖြည့်ပြီး အင်အားဖြည့်တင်းဖို့ စိတ်ကူးရှိနေပါတယ်။

ဟာဇက်ဟာ အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ သူ့ကို ချယ်လ်ဆီးအသင်းက သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ကြိုးစားနေသော်လည်း ကစားသမားက အနာဂတ် အတွက် အသင်းသစ်တစ်ခုကို ရှာဖွေနေတာ ဖြစ်ပါတယ်။

ဟာဇက်ဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိရှိနေသလို လန်ဒန်အသင်းတွင် မိသားစုနှင့်အတူ နေထိုင်ရသည်ကို ပျော်ရွှင်နေတယ် လို့ သိရပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်း ပရိသတ်တွေရဲ့ ချစ်ခင်နှစ် သက်မှုကိုလည်း ရရှိထားတဲ့အတွက် ပျော်ရွှင်လျှက်ရှိပါတယ်။ သို့သော် လည်း ဘောလုံးလောကတွင် ဘာမဆို ဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိနေတာကြောင့် လာမယ့် နွေရာသီအပြောင်းအရွှေ့ဟာ ဘယ်လိုဖြစ်လာမလဲ ဆိုတာ မသိဘူးလို့ ဟာဇက်က ဆိုပါတယ်။

MM

Leave a Reply