ပရီးမီးယားလိဂ်ကို တကျော့ပြန်လာဖို့ စိတ်ကူးနေတဲ့ ကားလို့စ် အန်ဆယ်လော့တီ

0
138

ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၈

အသက် ၅၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယခင်ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်း ကားလို့စ် အန်ဆယ်လော့တီဟာ PSG အသင်းမှာ နည်းပြလုပ်ဖို့ ရေပန်းစားနေသော်လည်း မေရာသတင်းဌာနရဲ့ ရေးသားမှုအရ သူဟာ အင်္ဂလန် ပရီးမီးယားလိဂ်ကို တကျော့ပြန်လည်ခြေချဖို့ ရှိနေတယ်လို့ သိရပါတယ်။

PSG အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အဆိုပါရှုံးပွဲကြောင့် PSG နည်းပြ ယူနိုင်အမ်မရီကို ရာထူးကနေ ထုတ်ပယ်ပြီး ကားလို့စ် အန်ဆယ်လော့တီနဲ့ အစားထိုးဖို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

သို့သော်လည်း အန်ဆယ်လော့တီဟာ လန်ဒန်ကလပ်အသင်းတစ်ခုကို ကိုင်တွယ်ဖို့သာ စိတ်အားထက်သန် နေပါတယ်။ မီဒီယာတွေရဲ့ ရေးသားမှုတွေအရ ချယ်လ်ဆီးအသင်းဟာ ယခင်ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်ကို ကွန်တီရဲ့ နေရာမှာ အစားထို့ ပြင်ဆင်နေတဲ့အတွက် အန်ဆယ်လော့တီဟာ လန်ဒန်ကလပ် အာဆင်နယ်အသင်းကို ရောက်ရှိဖွယ် ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။

အန်ဆယ်လော့တီဟာ အီတလီလူမျိုးနည်းပြတစ်ဦးဖြစ်ပြီး ဥရောပအောင်မြင်မှုများစွာကို ရယူထားတဲ့ နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ အီတလီ ၊ စပိန် ၊ အင်္ဂလန် ၊ ဂျာမနီ စတဲ့ နိုင်ငံတွေမှာလည်း ကလပ်အသင်းနည်းပြအဖြစ် ကျင်လည်ခဲ့ပြီး ဆုဖလားများစွာကို ရရှိထားသူ ဖြစ်ပါတယ်။

MM

Leave a Reply