ဖျားနာမှုကြောင့် ဟက်ဒါဖီးလ်နဲ့ပွဲမှာ မပါနိုင်ခဲ့တဲ့ မန်ယူကွင်းလယ်လူ ပေါ့လ်ဘာ ဆီဗီးလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေ

0
131

ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၈

ဟက်ဒါဖီးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ FA ဖလားပွဲစဉ်မှာ ဖျားနာမှုကြောင့် မပါနိုင်ခဲ့တဲ့ မန်ယူကွင်းလယ်လူ ပေါ့လ်ဘာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေမှာ လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နေပြီး ဆီဗီးလားနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုကတော့ ပေါ့လ်ဘာဟာ ဟက်ဒါဖီးလ်နဲ့ ပွဲစဉ်မှာ ဖျားပြီး နေမကောင်းဖြစ်နေတဲ့အတွက် မပါနိုင်ခဲ့ပါဘူးလို့ ဆိုခဲ့ပြီး သူနဲ့ ပေါ့လ်ဘာအကြား စကားအချေအတင်ပြောဆိုမှုများအတွက် မီဒီယာတွေရဲ့ ရေးသားဖော်ပြမှုတွေအပေါ် ဂရုစိုက်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

ပေါ့လ်ဘာဟာ ယခုအချိန်မှာ ကာရင်တန်လေ့ကျင့်ရေးကွင်း၌ လေ့ကျင့် ခန်းတွေ ပုံမှန်ပြန်လုပ်နေပြီဖြစ်တာ ကြောင့် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်မယ့် ဆီဗီးလားနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် မားကပ်ရက်ရှ်ဖို့ဒ် ၊ ဗလင်စီယာ နဲ့ ဟာရဲယားတို့ဟာလည်း အဆိုပါပွဲစဉ်မှာ ပါဝင်လာဖို့ ရှိပါတယ်။

ပေါ့လ်ဘာဟာ မန်ယူအသင်းမှာ မပျော်တော့ဘူးဆိုပြီး ကောလာဟလတွေ ထွက်ပေါ်နေတဲ့ ကစားသမား တစ်ဦး ဖြစ်သလို နည်းပြမော်ရင်ဟိုနဲ့လည်း ဆက်ဆံရေး တင်းမာမှုတွေ ရှိနေတယ်လို့ သတင်းများ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။အဆိုပါ ကိစ္စရပ်တွေအတွက် နည်းပြမော်ရင်ဟိုဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပေါ့လ်ဘာနဲ့ စကားပြောခဲ့ပြီး ဆွေးနွေးမှုတွေလည်း ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ပေါ့လ်ဘာကို အရန်ခုံမှာ အနားပေးခဲ့ရခြင်းအတွက် ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ကစားကွက်နဲ့ ပေါ့လ်ဘာရဲ့ ကစားပုံ တို့ကြောင့် လူစားလဲလှယ်ခဲ့ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီဗီးလားအသင်းနဲ့ ယှဉ်ပြိုင်ပြီး ချိန်မှာ လာမယ့် တနင်္ဂနွေနေ့၌ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ချယ်လ်ဆီး အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

MM

Leave a Reply