မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား

0
160

မန္တလေး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက် (၅၁) လမ်းနှင့် (၅၂) လမ်းကြား အေးသုခလမ်း နှင့်အေးမေတ္တာလမ်းကြားတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် (၅) လုံး မီးလောင်ပျက်စီးခဲ့သည်။

အိမ်ပိုင်ရှင် ဦးကျော်ရွှေ၏ နေအိမ်တွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် ဘေးအကာထရံကို မီးလောင်ခဲ့ခြင်းဖြစ်ပြီး (၁၀×၁၀) ပေ သွပ်မိုး ပျဉ်ကာ တစ်ထပ်အိမ် (၁)လုံး၊ (၁၀×၂၀) ပေ သွပ်မိုး ထရံကာ နှစ်ထပ်အိမ် (၂)လုံး၊ အုတ်ညပ် တစ်ထပ်အိမ် (၁) လုံး နှင့် (၁၀×၂၀) ပေ သွပ်မိုး နံကပ် နေအိမ် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ကာ မီးလောင်ဆုံးရှုံးမှုတန်ဖိုး (၁၁၅၀၀၀၀) ကျပ်ရှိကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

အဆိုပါ မီးလောင်မှုတွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင် ဦးကျော်ရွှေ (၇၉) နှစ်ကို စက်မှုရဲစခန်းတွင် (ပ) ၈၃/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply