ရန်​ကုန်​မြို့ပတ် လက်​ဝဲရစ်​ခရီးစဉ်များကို ယခုလ ၂၁ရက်​​ နေ့တွင် စတင်​ရပ်​နားမည်

0
210

ရန်​ကုန်​ ၊​ဖေ​ဖော်​ဝါရီ ၂၀၊၂၀၁၈

ရန်​ကုန်​မြို့ပတ်​ရထားလမ်းပိုင်း အဆင့်​မြှင့်​တင်​ခြင်းလုပ်​ငန်းများ​ဆောင်​ရွက်​မည်​ဖြစ်​​သော​ကြောင့်​ လက်​ဝဲရစ်​ ခရီးစဉ်​များကို ယခုလ ၂၁ရက်​​နေ့မှစတင်​၍ လနှင့်​ချီ ရပ်​နားသွားမည်​ဖြစ်​​ကြောင်းမြန်​မာ့မီးရထားမှသိရသည်​။

ရန်​ကုန်​မြို့ပတ်​(အ​နောက်​ခြမ်း)ရှိ လက်​ဝဲရစ်​ခရီးစဉ်​များဖြစ်​​သော ဘုရားလမ်း၊လမ်းမ​တော်၊​ပြည်​လမ်း၊ရှမ်းလမ်း၊အလုံလမ်း၊ပန်းလှိုင်လမ်း၊ကြည့်​မြင်​တိုင်​၊ဟံသာဝတီ၊လှည်းတန်းကမာရွတ်​၊သီရိမြိုင်​၊အုတ်​ကျင်း၊သမိုင်း၊သမိုင်းမြို့ သစ်​၊ကြို့ကုန်း၊အင်းစိန်​၊ရွာမ၊​ဖော့ကန်​၊​အောင်​ဆန်း၊တညင်းကုန်း၊​ဂေါက်​ကွင်း၊​ရွှေပြည်​သာ၊သာဓုကန်​နှင့်​​လှော်​ကားခရီးစဉ်​များကို လနှင့်​ချီ ရပ်​နားသွားမည်​ဖြစ်​ကြောင်း မြန်​မာ့မီးရထား သွားလာပို့​ဆောင်​​ရေးဌာနမှ အ​ထွေ​ထွေမန်​​နေဂျာ ဦး​ကျော်​​ကျော်​မျိုးက​ပြောသည်​။

“၂၁ရက်​​နေ့က​နေစပြီး​တော့ လမ်း ၁လမ်းကို ​ရွှေ့ဆိုင်းမှာဖြစ်​တဲ့တွက်​ အင်းစိန်​ဘက်​က​နေသွားမယ့်​ရထားက လမ်း ၁လမ်းထဲမှာပဲအသုံးပြုရပါမယ်​။ တညင်းကုန်​က​နေ အင်းစိန်​လာတဲ့ရထားက ဒီလမ်း​ကြောင်း​ပေါ်မှာပဲ အသုံးပြုရမှာဖြစ်​တဲ့အတွက်​ ရထားသွားလာ​ရေးလုပ်​ငန်းပိုင်းက အလွန့်​အလွန်​ကို အန္တရာယ်​ကြီးပါတယ်​။”ဟု၎င်းက​ပြောသည်​။

အဆိုပါ ရန်​ကုန်​မြို့ပတ်​ရထားလမ်းပိုင်းအဆင့်​မြှင်​တင်​ခြင်းလုပ်​ငန်း​ဆောင်​ရွက်​မည်​ဖြစ်​​သော​ကြောင့်​ ယခုလ ၂၁ရက်​​နေ့မှစ၍ ရန်​ကုန်​ဘူတာကြီးမှ မြို့ပတ်​ရထားများ အချိန်​​ပြောင်းလဲ​ပြေးဆွဲသွားမည်​ဖြစ်​သဖြင့်​ မြို့ပတ်​ဘူတာများမှ ရထားအဝင်​၊အထွက်​ချိန်​များ အနည်း​ငယ်​​ပြောင်းလဲမည်​ဖြစ်​​ကြောင်းသိရသည်​​။

ရန့်ကုန်မြို့ပတ်​အ​နောကြ်​ခမ်းအပိုင်း(၁)
တညင်းကုန်း-အင်းစိန်​လမ်းပိုင်းကို၂၀၁၈ခုနှစ်​ဖေ​ဖော်​ဝါရီလ ၁ရက်​မှစတင်​​ဆောင်​ရွက်​မည်​ဟုစီစဉ်​ထား​သော်​လည်း အကြောင်းအမျိုးမျိုး ကိစ္စရပ်များ​​ကြောင့်​​ ယခုလ ၂၁ရက်​​နေ့မှသာ စတင်​နိုင်​မည်​ဖြစ်​​ပြီး ယင်းလမ်းပိုင်းကို​မေလ ၃၁ရက်​​နေ့အထိ​ အပြီး​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

“ရထားလမ်းပိုင်း အဆင့်​မြှင့်​တင်​​ရေး​ဆောင်​ရွက်​တဲ့အခါ ၂ပိုင်းရှိပါတယ်​။ နိုင်​ငံခြား​ငွေနဲ့ နိုင်​ငံ​တော်​ဘတ်​ဂျက်​နဲ့ဆိုပြီးလုပ်​မှာဖြစ်​ပါတယ်​။ အ​နောက်​ခြမ်းကို ၃ပိုင်း ခွဲထားပါတယ်​။ အဲ့တာ​တွေအကုန်​လုံးကို ၂၀၁၉ထဲမှာအပြီးလုပ်​​ဆောင်​သွားမှာပါ။ဝန်​ထမ်း​တွေအတွက်​ မ​တော်​တဆမှု မဖြစ်​​အောင်​၊ရထားချိန်​မှန်​ကန်​မှုကို ဖြစ်​နိုင်​သ​လောက်​မှန်​ကန်​​အောင်​ထိန်းချုပ်​နိုင်​ဖို့က ဒီပ​ရောဂျက်​ ၂နှစ်​တာကာလမှာ ကြိုးစား​ဆောင်​ရွက်​သွားရမှာဖြစ်​ပါတယ်​။”ဟု မြန်​မာ့မီးရထား(​အောက်​မြန်​မာပြည်​)မှအ​ထွေ​​ထွေ မန်​​နေဂျာ ဦးထွန်း
အောင်​သင်းက​ပြောသည်​​။

ရန်​ကုန်​-​လှော်​ကား လက်​ဝဲရစ်​ (အစုန်​) ရထားလမ်းပိုင်းတွင်​ တစ်​ရက်​လျှင်​ ရထား​အ​ခေါက်​​ရေ ၁၅၂ ​ခေါက်​​ပြေးဆွဲခဲ့ပြီး လုပ်​ငန်း​ဆောင်​ရွက်​ချိန်​တွင်​ ၁၅၀​ခေါက်​ ​ပြေးဆွဲမည်​ဖြစ်​​သော​ကြောင့်​ အ​ခေါက်​​ရေ ၂​ခေါက်​ ​လျော့ကျ သွားမည်ဖြစ်​ပြီး ​ရန်​ကုန်​မြို့ပတ်​အ​နောက်​ခြမ်း ရထားလမ်းပိုင်းကို တင်​ဒါ​အောင်​မြင်​သည့်​ A1ကုမ္ပဏီမှတာဝန်​ယူ၍ အဆင့်​မြှင့်​တင်​ခြင်းလုပ်​ငန်းများ​ဆောင်​ရွက်​သွားမည်​ဖြစ်​သည်​။

ထို့ပြင်ရန်​ကုန်​အ​နောက်​ခြမ်းအပိုင်း (၂) အင်းစိန်​-ကြည့်​မြင်​တိုင်​လမ်းပိုင်းကို ၂၀၁၈ခုနှစ် ​အောက်​တိုဘာလ (၁)ရက်မှ ၂၀၁၉ခုနှစ်​ ​ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အဆင့်​မြှင့်​တင်​ခြင်းလုပ်​ငန်းများ​ဆောင်​ရွက်​မည်​ဖြစ်​ပြီး အ​နောက်​ခြမ်းအပိုင်း (၃) ကြည့်​မြင်​တိုင်​-ရန်​ကုန်​(ဘုရားလမ်း)ကို၂၀၁၉ခုနှစ် ​ဖေ​ဖော်​ဝါရီလ ၁ ရက်မှ မတ်လ ၃၁ရက်နေ့အထိ​ အပြီးလုပ်​​ဆောင်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

ရန်​ကုန်​ မြို့ပတ်ရထား အဆင့်မြှင့်တင်ခြင်း စီမံကိန်းကိုဆောင်ရွက်ရာတွင် ဂျပန် ODA ချေးငွေနှင့် နိုင်ငံတော်ဘတ်ဂျတ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ဂျပန်ချေးငွေဖြင့် အမေရိကန် ​ဒေါ်လာ၂၀၆ဒသမ၅၃ သန်းပါဝင်၍ နိုင်ငံတော်ဘတ်ဂျတ်ဖြင့်ဆောင်ရွက်ရမည့်
အပိုင်းတွင်​ အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၇၆ သန်းဖြင့်စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁၀ ဒသမ၂၉ သန်းကုန်ကျခံဆောင်ရွက်မည် ဖြစ်သည်။

ဝေ​ဝေဖြိုး

Leave a Reply