၂၀၁၉ခုနှစ် ဒီဇင်ဘာလ မတိုင်မီ ဗိုလ်ချုပ်ရုပ်ရှင်မပြသနိုင်ပါက တာဝန် ယူပါမည်ဟုသာသနာရေးဝန် ကြီးပြောကြား

0
128

ရန်ကုန်၊ဖေဖော်ဝါရီ၂၀၊၂၀၁၈

ဗိုလ်ချုပ်အောင်ဆန်း၏ အထ္တုပတ္တိအား ရုပ်ရှင်အဖြစ် ရိုက်ကူးပြီး အများပြည်သူအား လာမည့်၂၀၁၉ခုနှစ် ဒီဇင်ဘာလမတိုင်မီ မပြသနိုင်ပါက ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးနိုင်ရေး လုပ်ငန်းအလုံးစုံကို တာဝန်ပေးခြင်း ခံထား ရသည့်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ သာသနာရေးဝန်ကြီးက ၎င်းတာဝန် ယူရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ၂၀ရက်ကပြောကြားခဲ့သည်။

၂၀၁၂ခုနှစ်ကပင် ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးနိုင်ရေးအတွက် အနုပညာရှင် ညီအစ်ကိုမောင်နှမ များကဆောင်ရွက်ခဲ့ကြရာတွင် ၂၀၁၅ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ပွဲပြီးမြောက်သည် အထိရုပ်ရှင်ရိုက်ကူးမှုကို စတင်နိုင်ခဲ့ခြင်းမရှိသဖြင့် လက်ရှိအချိန်တွင် ရုပ်ရှင်ရိုက် ကူးရေးစတင်မည့် ကော်မတီ အနေဖြင့်လည်း အများပြည်သူ၏မေးမြန်းမှုအား အချိန်ကာလ တစ်ခုကိုအသိအမှတ် ပြု၍ ယင်းကာလအတွင်းမပြီးစီးနိုင် ပါက တာဝန်ယူ မည်ဖြစ်ကြောင်းသိရသည်။

“ဗိုလ်ချုပ်အောင်ဆန်းရဲ့အထ္ထုပတ္တိရိုက်ဖို့က တကယ်တော့ ဒီလုပ်ငန်း သည်ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ လုပ်ငန်းဖြစ်ပါတယ်။နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးက ကျွန်တော့်ကို ဦးအောင်ကို ပဲပြီးမြောက် အောင် တာဝန်ယူပြီးလုပ်ပေး ပါဆိုလို့ ရုပ်ရှင်လုပ်ဆောင်ရေးနဲ့ ပက်သတ်တဲ့ ဦးစီးကော်မတီလုပ်ငန်း တစ်ရပ်ကိုဖွဲ့စည်းပြင်ဆင်ပြီး စတင်လှုပ်ရှားနေ ပြီးတော့ ၂၀၁၉ မတိုင်မီ ပီပြင်တဲ့ဗိုလ်ချုပ်ရုပ်ရှင်ကားပေါ်လာဖို့လည်း တာဝန်ခံဆောင်ရွက်နေပါပြီ။ အဲ့ဒီ့ဟာကလည်းအဆင့် မီစေရမယ်။ ပြည်သူတွေအားလုံး လက်ခံစေရမယ်။ ရုပ်ရှင်နဲ့ပက်သတ်တာ အားလုံး ကိုနိုင်ငံတော်အတိုင်ပင်ခံကြီးကပေး ထားတဲ့လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကြီးကတာဝန်ယူပါတယ်။ ဆိုပြီး တင်ပြခဲ့ ပါတယ်။ “ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးသူရဦးအောင်ကိုက ပြောသည်။

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးနှင့် ပတ်သက်ပြီးဒါရိုက်တာအဖြစ် တာဝန်ယူမည့် ဦးမင်းထင်ကိုကိုကြီးကလည်း ဒါရိုက်တာပိုင်းဆိုင်ရာ လုပ်ဆောင်မှုများတွင် လည်ကောင်း၊ ၀ါရင့်သရုပ်ဆောင်ဦးလူမင်း အနေဖြင့်လည်း ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်ဇာတ်ရုပ် နေရာ၌သရုပ်ဆောင်မည့်သူများအား သရုပ်ဆောင်မှု လေ့ကျင့်ပေးရသည့်အပိုင်း တွင်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှအမြဲတမ်းအတွင်းဝန်ကလည်း ဗိုလ်ချုပ် အောင်ဆန်း နှင့်ရဲဘော်သုံးကျိတ် သွေးသစ္စာဆိုရာတွင် သုံးစွဲခဲ့သော ငွေဖလား အပါအ၀င် သမိုင်းအထောက်အထား ပစ္စည်းများကို သက်ဆိုင်ရာဌာန အပါအ၀င် လိုအပ်သည့် ဌာနများမှ ချိတ်ဆက်ပေး ကာကူညီပံ့ပိုးပေးရန် တာဝန် အသီးသီး ယူကြမည် ဟု နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ထံတင်ပြ ထားမှုများရှိကြောင်းသိရသည်။

မေစု

Leave a Reply