ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု ဆွေးနွေးပွဲပြုလုပ်

0
149

ရန်ကုန် ဖေဖော်ဝါရီ ၂၀။ ၂၀၁၈

ကျောက်​မီး​သွေးဓာတ်​အား​ပေးစက်​ရုံများနှင့်​ မြန်​မာနိုင်​ငံ​တောင်​ပိုင်း​ဒေသ ဖွံ့ဖြိုး​ရေး၊ လူထု၊ သဘာဝပတ်​ဝန်းကျင်​ဆိုင်​ရာ အကျိုးသက်​​ရောက်​မှုများ ​ဆွေး​နွေးပွဲတခုကို ​ဖေ​ဖော်​ဝါရီ ၂၀ ရက်က ​မော်​လမြိုင်​မြို့၊ ​ငွေမိုးဟိုတယ်​တွင်​ ပြုလုပ်​ခဲ့သည်။

အဆိုပါ​ဆွေး​နွေးပွဲကို Fhi360 နှင့် USAID တို့ ၏ ပံ့ပိုးမှုဖြင့်​ Internews Myanmar နှင့်​ မြန်​မာနိုင်​ငံ​တောင်​ပိုင်း ဂျာနယ်​လစ်​ကွန်​ရက်​တို့က ပူး​ပေါင်း ကျင်းပြ​ခင်းဖြစ်​​သည်။

“ဒီအ​ကြောင်းအရာက ​ရွေးရတာက မြန်​မာနိုင်​ငံ​တောင်​ပိုင်း တနင်္သာရီ၊ မွန်​၊ ကရင် ပြည်​နယ်​တိုင်းသုံးခုမှာ အ​ပြောများတဲ့ ​ဆွေး​နွေးစရာတခုဖြစ်​တယ်​။ ဒီဟာနဲ့ပတ်​သက်​လို့ အရပ်​ဖက်​အဖွဲ့စည်းနဲ့ မီဒီယာ​တွေကြားမှာ ပိုပြီး အပြန်​အလှန်​ ​ဆွေး​နွေးဖလှယ်​မှု​တွေ မြင့်​တက်​လာ​အောင်​ ရည်​ရွယ်​ပြီး ကျင်းပတာဖြစ်​ပါတယ်​” ဟု Internews Myanmar ၏ Media Advisor ဦးမြင့်​​ကျော်​က ​ပြောသည်​။

ယင်းေ​ဆွး​နွေးပွဲသို့ သဘာဝပတ်​ဝန်းကျင်​ဆိုင်​ရာ ကျွမ်းကျင်သူပညာရှင်များ​​​၊ မြန်​မာနိုင်​ငံ​တောင်​ပိုင်း ဂျာနယ်​လစ်​ကွန်​ရက်​အဖွဲ့ဝင်​များ၊ မွန်​၊ ကရင်​၊ တနင်္သာရီတို့မှ သတင်း​ထောက်​များနှင့်​ အရပ်​ဖက်​အဖွဲ့အစည်းများ တင်​​ရောက်​​ဆွေး​နွေးခဲ့ကြသည်​။

သဘာဝပတ်​ကျင်​​ရေးရာကျွမ်းကျင်​သူ ပညာရှင်​များဖြစ်​သည့်​ ​ဒေါ်​ဒေဝီသန့်​စင်​နှင့်​ ​ဒေါက်​တာခင်​​မောင်​ညိုတို့က ​ကျောက်​မီး​သွေး ထုတ်​ယူသုံးစွဲခြင်းနှင့်​ သန့်​စင်​​သော အပူစွမ်းအင်​ထုတ်​လုပ်​ခြင်း၏ အကျိုးသက်​​ရောက်​မှုများ၊​ကျောက်​မီး​သွေးသုံး ဘိလပ်​​မြေစက်​ရုံများ၏ ပတ်​ဝန်းကျင်​အ​ပေါ် အကျိုးသက်​​ရောက်​မှုများကို ဦး​ဆောင်​​ဆွေး​နွေးခဲ့ကြသည်​။

တက်​​ရောက်​လာသူများကလည်း လက်​ရှိ ပြည်​နယ်​၊ တိုင်းအတွင်း ​ကျောက်​မီး​သွေးဓာတ်​အား​ပေးစက်​ရုံများ​ကြောင့်​ ရင်​ဆိုင်​​နေရ​သော အခက်​အခဲနှင့်​ စိန်​​ခေါ်မှုများကို အ​ပြန်​အလှန်​​ဆွေး​နွေးမှုများ ပြုလုပ်​ခဲ့ကြသည်​။

သျှင်ရဲထွဋ်

Leave a Reply