Machado ကို အနိုင်ကစားမည့် အောင်လအန်ဆန်

0
119

ရန်ကုန် ၊ဖေဖော်ဝါရီ ၂၀ ၊၂၀၁၈

ရန်ကုန်မြို့တွင်ကျင်းပမည့် One: Quest For Gold လိုက် ဟဲဗီးဝိတ် ချန်ပီယံလုပွဲတွင် ပြိုင်ဘက်ဘရာဇီးနိုင်ငံသား ဂျူဂျစ် ဆုခါးပတ်နက် ရရှိထားသူ Alexandre Machadoကို အနိုင်ကစားမည်ဟု အောင်လ အန်ဆန်က Rose Garden ဟိုတယ်တွင်ယနေ့ပြုလုပ်သည့်ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည်။

အောင်လအန်ဆန်သည် ရန်ကုန်မြို့တွင် အာလိန်းဂါလာနီနှင့် ထိုးသတ် ခဲ့သည့်ပွဲမတိုင်မှီက ပြိုင်ဘက်ကို ၂ချီနှင့်အလဲ ထိုးအနိုင်ယူမည်ဟု ကြုံးဝါး ခဲ့ကာ ဒုတိယအချီတွင်ပင်အနိုင်ရရှိခဲ့ပြီး ယခုပွဲစဉ်တွင်ပြိုင်ဘက်အား အကောင်းဆုံး ယှဉ်ပြိုင် အနိုင်ယူမည်ဟုသာပြောဆိုခဲ့သည်။

“ကျွန်တော်ပြိုင်ဘက်Machadoကဘယ်လောက်လေ့ကျင့်ထားလည်းဆိုတာကျွန်တော်မသိဘူး။ သူ Ground Game မှာကောင်းသလို သူ့ကို ဘယ်နှစ်ချီနဲ့နိုင်မလဲဆိုတာမသိဘူး”ဟု အောင်လအန်ဆန်ကပြောသည်။

Machadoက ပြိုင်ဘက်အားနည်းချက်အားသာချက်ကိုလေ့လာထားပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းမှစ၍ ပွဲကြီးများထိုး သတ်ခဲ့ရခြင်းမရှိတော့သော် လည်း လေ့ကျင့်မှုမပျက်ခဲ့ကြောင်း အောင်လအန်ဆန်နှင့် ပွဲယှဉ်ပြိုင်ရန် အတွက်ကြိုတင် ပြင်ဆင်မှုများပြုလုပ်ထားကြောင်းဆိုသည်။

အောင်လအန်ဆန်နှင့် Machadoတိုသည့် အာလိန်းဂါလာနီနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးပြီး နှစ်ဦးစလုံးကအနိုင်ရလာဒ်ရရှိ ထားသည်။

One မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင်ဖြစ်ပြီး ယခုပွဲကိုအနိုင်ရရှိပါက လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကိုပူးတွဲရရှိ မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကိုစွန့်လွှတ်ရန်မလိုကြောင်းသိရသည်။

One: Quest For Gold ပြိုင်ပွဲတွင် မြန်မာပရိတ်သတ်များ အကြား ရေပန်း စားနေသည့် MMAကစားသမားဖိုးသော်က ကမ္ဘောဒီးယားနိုင်ငံသား Sor Sev နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယနေ့မွန်းလွဲပိုင်းတွင်ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် One Championship ၏ CEOနှင့်ဥက္ကဋ္ဌ Mr. Chatri Sityodtong နှင့် Telenor Myanmar မှ အဲလက်စ်ညီညီအောင်တို့ တက်ရောက်အမှာစကား ပြော ကြားခဲ့ပြီး One နှင့် တယ်လီနောတို့ပူးပေါင်းခဲ့ကြောင်းကြေငြာခဲ့သည်။

ကိုဥာဏ်

Photo – ဖြိုး(ဘူမိ)

Leave a Reply