အင်္ဂလန်ကို ပြန်လာဖွယ်ရှိနေသော ဂါရက်ဘေးလ်

0
127

ဖေဖော်ဝါရီ ၂၀ ၊ ၂၀၁၈

ရီးရဲမက်ဒရစ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီအကုန်မှာ အသင်းရဲ့ တောင်ပံကစားသမား ဂါရက်ဘေးလ်ကို ရောင်းထုတ်ပြီး ဘာစီလိုနာ တိုက်စစ်မှူးဟောင်း နေမာကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဂါရက်ဘေးလ်အနေနဲ့ အင်္ဂလန်ကလပ်တွေဖြစ်ကြတဲ့ မန်ယူနဲ့ စပါးအသင်းမှာ ကစားဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ၂၀၁၉ ခုနှစ်အထိ နေမာကို စာချုပ် ချုပ်နိုင်မှာ မဟုတ်သလို ယမန်နှစ်က PSG အသင်းရဲ့ စံချိန်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ အသုံးပြုမှုကြောင့် ရီးရဲအသင်းရဲ့ အစီအစဉ်တွေဟာ ပျက်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရီးရဲဥက္ကဋ္ဌ ပီးရက်ဇ်ဟာ နေမာကို ခေါ်ဖို့အတွက် လက်မလျော့သေးပါဘူး။ အသင်းမှာရှိနေတဲ့ ဂါရက်ဘေးလ် ၊ ဘန်ဇီးမား တို့ကို ရောင်းထုတ်ပြီး နေမာကို ခေါ်ဖို့ ဆက်လက် စိတ်ကူးနေပါတယ်။

သတင်းများရဲ့ဖော်ပြမှုတွေအရ လိုင်ယွန်ကစားသမားဟောင်း ဘန်ဇီးမားဟာ ပြင်သစ်မြေ သို့မဟုတ် တရုတ်ကလပ်အသင်းတစ်ခုကို ပြောင်းရွှေ့ဖွယ်ရှိနေပြီး စပါးကစားသမား ဂါရက်ဘေးလ်အနေနဲ့ကတော့ အင်္ဂလန်ကလပ် မန်ယူအသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

သို့သော်လည်း မန်ယူနည်းပြ မော်ရင်ဟိုအနေနဲ့ ဂါရက်ဘေးလ်နဲ့ ပတ်သက်ပြီး အသံတိတ်နေခဲ့သလို ဆန်းချက်ဇ် ရောက်ရှိလာမှုဟာလည်း ဂါရက်ဘေးလ်အတွက် နေရာပျောက်ဆုံးစေခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ စပါးနည်းပြ ပိုချက်တီနိုဟာ ဂါရက်ဘေးလ်ကို ပြန်လည်ခေါ်ယူပြီး အင်္ဂလန်အမှတ်ပေးဖလားနဲ့ ဥရောပ အောင်မြင်မှုတွေ ရဖို့အတွက် ပြင်ဆင်အားဖြည့်ဖို့ စိတ်ကူးနေပါတယ်။ ဂါရက်ဘေးလ်ဟာ မကြာခဏ ဒဏ်ရာရရှိတတ်တဲ့ ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် ခေါ်ယူမယ့် အသင်းတွေအနေနဲ့ အဆိုပါ ကိစ္စကို အလေးအနက်ထားစဉ်းစားနေကြတယ်လို့ သိရပါတယ်။

MM

Leave a Reply