ဝီဂန်နဲ့ မန်စီးတီးတို့ရဲ့ ရန်ပွဲအတွက် FA မှ စုံစမ်းမှုများ စတင်ပြုလုပ်နေ

0
121

ဖေဖော်ဝါရီ ၂၀ ၊ ၂၀၁၈

ဝီဂန်နဲ့ မန်စီးတီးတို့ရဲ့ FA ဖလားပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ ရန်ပွဲအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုတွေကို စတင်ဆောင် ရွက်နေပြီ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ အိမ်ရှင် ၀ီဂန်အသင်းဟာ မန်စီးတီးအသင်းကို ၁-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်း ပွဲပြီးခါနီးအချိန်မှာ မန်စီးတီးနောက်ခံလူ ဖေဘီယန်ဒဲလ်ဖ် အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီးတဲ့နောက် နှစ်ဖက်အသင်းက နည်းပြတွေဟာ ကွင်းဘေးမှာ စကားအချေအတင်များမှုတွေ ရှိနေခဲ့ပါတယ်။

သည့်နောက်မှာတော့ ဥမင်လျှောက်လမ်းထဲမှာရော ကွင်းပြင်မှာပါ မန်စီးတီး ကစားသမားတွေနဲ့ ၀ီဂန်ကစားသမားတွေဟာ စကားများမှုတွေ ရှိခဲ့ပြီး မန်စီးတီးတိုက်စစ်မှူး အဂူရိုနဲ့ ၀ီဂန်ပရိသတ်တစ်ဦးတို့လည်း ရန်ဖြစ်ခဲ့မှုတွေ ရှိခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အဆိုပါဖြစ်ရပ်ကို အသေးစိတ် စတင် စုံစမ်းနေပြီး ဖြစ်စဉ်ရဲ့ အခြေအေ နများအရ မန်စီးတီးတိုက်စစ်မှူး အဂူရို အပါအ၀င် နှစ်ဖက်ပရိသတ်တွေဟာ FAရဲ့ အရေးယူမှုကို ခံရဖွယ် ရှိနေပါတယ်။

MM

Leave a Reply