မိုက်ကယ်ကားရစ်နေရာအတွက် တိုနီခရူးကို အလိုရှိနေတဲ့ မော်ရင်ဟို

0
166

ဖေဖော်ဝါရီ ၂၀ ၊ ၂၀၁၈

မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုဟာ လာမယ့်နှစ်မှာ အနားယူတော့မယ့် ကွင်းလယ်လူ မိုက်ကယ်ကားရစ်ရဲ့ နေရာကို အစားထိုးဖို့အတွက် ရီးရဲမက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ တိုနီခရူးကို ခေါ်ယူဖို့ အလိုရှိနေပါတယ်။

ရီးရဲမက်ဒရစ်အသင်းအနေနဲ့ လာမယ့်နွေရာသီဈေးကွက်မှာ အသင်းရဲ့ အသက်အရွယ်ရလာတဲ့ ကစားသမားတွေကို ထုတ်ရောင်းဖို့ ပြင်ဆင်နေပြီး တိုနီခရူးအနေနဲ့လည်း ရောင်းထုတ်ခံရဖွယ်ရှိနေပါတယ်။

မန်ယူအသင်းဟာ အသင်းရဲ့ ကွင်းလယ်နေရာမှာ အစားထိုး မှုတွေကြီးကြီးမားမားဆောင်ရွက်ဖို့အတွက် ပြင်ဆင်နေပြီး တိုနီခရူး ၊ဒေါ့မန် ကွင်းလယ်လူ ၀ီဂဲလ် စတဲ့ ကစားသမားတွေကို လေ့လာစောင့်ကြည့်လျှက်ရှိပါတယ်။

ဒါ့အပြင် မိုက်ကယ်ကားရစ်အနားယူခြင်းနဲ့အတူ ကွင်းလယ်လူ ဖယ်လိုင်နီ အနေနဲ့လည်း နွေရာသီမှာ အသင်းပြောင်းဖွယ်ရှိနေတဲ့အတွက် နည်းပြမော်ရင်ဟိုဟာ အသင်းရဲ့ ကွင်းလယ်နေရာကို သေချာပေါက် ပြင်ဆင်မှုတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ တိုနီခရူးအတွက် ပြောင်းရွှေ့ကြေးကို မြောက်မြားစွာ ပေးချေရဖို့ ရှိနေပြီး ဒေါ့မွန်ကစားသမား ၀ီဂဲလ်ကို ခေါ်ယူနိုင်ဖို့အတွက် လည်း မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

MM

Leave a Reply