သစ်တောထွက်ကုန်လက်မှုပစ္စည်းများကို ပြည်​ပမှ ကမ်းလှမ်းမှုရှိ​သော်​လည်း တင်​ပို့နိုင်​မှုနည်းပါး​နေ​သေး

0
119

ရန်ကုန် ၊​ဖေ​ဖော်​ဝါရီ ၂၁၊၂၀၁၁၈

သစ်တောထွက်ကုန်မြန်မာ့လက်မှု ပစ္စည်းများ ကို အိမ်နီးချင်းနိုင်ငံများမှ ဝယ်​ယူရန်​ကမ်းလှမ်းမှုများရှိ​နေ​သော်​လည်း တင်​ပို့မှုအ​နေအထားမှာ ​နည်းပါး​ နေ​သေး​ကြောင်း မြန်​မာနိုင်​ငံသစ်​လုပ်​ငန်းရှင်​များအသင်းမှသိရသည်​။

လက်ရှိတွင် သစ်တောထွက်ကုန်မြန်မာ့လက်မှု ပစ္စည်းများကို ထိုင်း ၊မလေးရှား စသည့်​ အိမ်နီးချင်းနိုင်ငံများမှ ကမ်းလှမ်းထားခြင်းဖြစ်​ပြီး
နိုင်​ငံ​တော်​၏ချမှတ်​ထားသည့်​ စည်းကမ်း၊ ​ဈေးကွက်​အ​​ခြေ​အနေ၊နို​င်​ငံတကာ၏ နိုင်​ငံ​ရေးအ​ခြေ​နေ​ပေါ်မူတည်​၍ တင်​ပို့​နေရ​သော​ကြောင့်​ အနည်းငယ်​​လျော့နည်းသွားခြင်းဖြစ်​​ကြောင်းမြန်​မာနိုင်​ငံသစ်​လုပ်​ငန်းရှင်​များအသင်းမှ အမှု​ဆောင်​ဦးစိုင်းလင်းက​ပြောသည်​။

ထို့ပြင်​သစ်​​တောထွက်​ပစ္စည်းများ ပြည်​ပ​ဈေးကွက်​သို့ ထိုးဖောက်​ရန်​မှာ နိုင်​ငံ​တော်​က ချမှတ်​ထားသည့်​စည်မျဉ်းစည်းကမ်း​များအရ ခွင့်​ပြုနိုင့်သည့်​သစ်​များနှင့်​နိုင်​ငံတကာစည်းမျဉ်းစည်းကမ်းနှင့်​အညီခွင့်​ပြုထားသည့်​ သစ်​​များကို တင်​ပို့​နေ​ကြောင်း​သိရသည်​။

“သစ်​​တောထွက်​ လက်​မှုပစ္စည်း​တွေကို လမ်းလှမ်းတဲ့နိုင်​ငံ​တွေရှိပါတယ်​။ အိမ်​နီးချင်းနိုင်​ငံ​တွေက ပိုများတယ်​။ သူတို့ကမ်းလှမ်းတာက သူတို့ကြိုက်​နှစ်​သက်တဲ့ပစ္စည်းကိုကျွန်​​တော်တို့လိုချင်တဲ့​ဈေးနှုန်းနဲ့နိုင်ငံ​တော်ကပံပိုးတဲ့
ဈေးနှုန်းနဲ့ ချင့်​ချိန်​ပြီးမှ တင်​ပို့​နေရတဲ့အတွက်​​ကြောင့်​အခုချိန်​မှာ​တော့ နည်းနည်းထိန်းထိန်းသိမ်းသိမ်း​လေးဖြစ်​​နေတဲ့အနေ အထားပါ ။”ဟု ၎င်းက​ပြောသည်​။

ယင်းသို့ ​ပြည်​ပ​ဈေးကွက်​ချဲ့ထွင်​ရာတွင်​နိုင်​ငံ​တော်​ အကြီးကဲ​များ၊ သက်​ဆိုင်​ရာဌာနဆိုင်​ရာ​များက ​ဖြေ​လျှော့မှု​ပေးမှုနှင့်​ ပံ့ပိုးမှုများရှိပြီး အသင်းအဖွဲ့များ အ​နေနှင့်​ နည်းပညာပိုင်းဆိုင်​ရာ၊အတတ်​ပညာပိုင်းဆိုင်​ရာမျာြး့ဖင့်​ အိမ်​နီးချင်းနိုင်​ငံ​များနည်းတူ လက်​နှင့်လုပ်​သည့်​လက်​မှုအနုပညာပစ္စည်း​များအား ပြည်​ပ​ဈေးကွက်​ကို ထိုး​ဖောက်​နိုင်​​အောင်​ကြိုးပမ်း​ဆောင်​ရွက်​​နေ​ကြောင်းသိရသည်​။

“အစိုးရနဲ့သက်​ဆိုင်​ရာဌာန​တွေရဲ့ ပံပိုးမှုကလဲ ထိုက်​သင့်​သ​လောက်​ရှိလာပါပြီ။ နိုင်​ငံတကာက ချမှတ်​ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ကိုက်​ညီတဲ့သစ်​​မျိုးဆိုရင်​သူ့နိုင်​ငံနဲ့သူ့ကိုက်​ညီတဲ့နည်းလမ်း​တွေနဲ့ ပို့လို့ရမယ့်​ ဘယ်​နိုင်​ငံ မဆိုပို့မှာပါ။ပေးလာတဲ့ demand​ပေါ်မူတည်​ပြီး အစိုးရ ကလဲခွင့်​ပြုတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်​ညီတဲ့ ဘယ်​သစ်​မျိုးမဆို နိုင်​ငံတကာကို ပို့သွားမှာပါ။”ဟုဦးစိုင်းလင်းကဆက်​လက်​​ပြောဆိုသည်​။

ယင်းကိစ္စရပ်​များနှင့်​ပတ်​သက်​၍ သက်​ဆိုင်​ရာဌာနဆိုင်​ရာ အဖွဲ့အစည်း​များကလည်း ပူး​ပေါင်း​ဖြေရှင်း​ပေးရန်​ ​ဆောင်​ရွက်​​နေ​သော​ကြောင့်​ မကြာမီ ကာလတွင်​ ယင်းကဏ္ဍမှာ ပြန်​လည်​ဖွံ့ဖြိုးလာနိုင်​မည်​ဖြစ်​​ကြောင်း ၎င်းက​ပြောသည်​။

ဝေ​ဝေဖြိုး

Leave a Reply