ကျပ်သိန်း ၁၀၀ ကျော်တန်ကြေးရှိသည့် ငါးများပါဝင်သော အလှမွေးငါး ပြပွဲ ပြိုင်ပွဲကျင်းပ

0
130

မန္တလေး၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၈

မန္တလေးမြို့ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျပ်သိန်း ၁၀၀ ကျော်တန်ကြေးရှိသည့် ငါးများပါဝင်သော အလှမွေးငါးပြပွဲ ပြိုင်ပွဲကို ကျင်းပခဲ့ပါသည်။

ယင်းအလှမွေးငါး ပြပွဲ ပြိုင်ပွဲကို Myanmar Koi Club မှ ဦးဆောင်ပြီး ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ကာ အလှမွေးငါး ဝါသနာရှင်များအနေဖြင့် အစာ၊ ဆေးဝါး နှင့် အလှမွေး ငါးမျိုးကောင်းမျိုးသန့်များ ရရှိစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ငါးကြင်းရဲ့ သဘောသဘာဝမှာ ငါးဆိုဒ်သေးရင် ဈေးသက်သာတယ် ။ ဂျပန်က ပေါက်တာဖြစ်စေ တခြားနိုင်ငံက ပေါက်တာဖြစ်စေ ဈေးသက် သာတယ်။ ဆိုဒ်ကြီးသွားရင် ကျပ်သိန်း ၁၀၀ မကလည်း တန်ချင်တန် သွားမယ် ။ ဂျပန်မှာဆို ဗမာငွေ သိန်း ၇၀၀၀ ၊ ၈၀၀၀ တန်ထိရှိတဲ့ ငါးတွေ ရှိပါတယ်”ဟု Myanmar Koi Club မှ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်ကိုကို က ပြောသည်။

အလှမွေးငါးပြိုင်ပွဲတွင် ငါးကြင်း တစ်မျိုးတည်းသာပါဝင်ဝင်ပြီး ငါးကြင်းမျိုးစိပ် ၃၀ ကျော်ပါဝင်သည့် ပြိုင်ပွဲဝင် ငါးကြင်း အကောင်ရေ ၂၀၀ ကျော်ရှိသည်။ ၄င်းတို့ကို အကဲဖြတ်ရန် ဂျပန်နိုင်ငံမှ ပညာရှင်များအား ဖိတ်ခေါ်ထားပြီး ဆုပေါင်း (၃၄) ဆု ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအလှမွေးငါး ပြပွဲ ပြိုင်ပွဲကို ငါးမျိုးကောင်းများရရှိနိုင်ခြင်း ၊ အစာကျွေး နည်း ၊ ဆေးကုသနည်းများရရှိခြင်း စသည့် ကောင်းကျိုးများရရှိနိုင်သည့် အတွက် နှစ်စဉ်ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Koi Club က သိရသည်။

နိုင်လင်းဦး

Leave a Reply