ဝန်​ကြီးဌာနမှ ​မေးခွန်းများ​ဖြေကြားရာတွင်​ ခါး​တောင်းကျိုက်​တခြား ဖင်​တခြားဖြစ်​​နေ

0
210

ပဲခူး၊ ​ဖေ​ဖော်​ဝါရီ ၂၁၊ ၂ဝ၁၈

လွှ​တ်​တော်​အစည်းအ​ဝေးအတွင်း ​မေးခွန်း​မေးမြန်းမှုကို သက်​ဆိုင်​ရာဝန်​ကြီးမှ ပြန်​လည်​​ဖြေကြားရာတွင်​ ခါး​တောင်းကျိုက်​တခြား ဖင်​တခြားဖြစ်​​နေ ဟု တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးမျိုး​အောင်​က ခိုင်းနှိုင်း​ပြောဆိုလိုက်​သည်​။

ယ​နေ့ကျင်းပသည့်​ ဒုတိယအကြိမ်​တိုင်း​ဒေသကြီးလွှတ်​​တော်​ နဝမပုံမှန်​အစည်းအ​ဝေး အဋ္ဌမ​မြောက်​​နေ့ အစည်းအ​ဝေးကျင်းပ​နေစဉ်​အတွင်း စိုက်​ပျိုး​ရေး၊ ​မွေးမြူ​ရေးနှင့်​ ဆည်​​မြောင်းဝန်​ကြီးဌာနဝန်​ကြီး၏ ​ဖြေဆိုမှုနှင့်​ပတ်​သက်​ပြီး ၎င်းက အထက်​ပါအတိုင်း ​ခိုင်းနှိုင်းခဲ့ခြင်း ဖြစ်​သည်​။

“ဝန်​ကြီးရဲ့​ဖြေဆိုမှုက ခါး​တောင်းကျိုက်​တခြား ဖင်​တခြား ဖြစ်​​နေပါတယ်​။ ကျွန်​​တော်​​မေးတာက တာတမံ​ဆောက်​လုပ်​မှုနဲ့ပတ်​သက်​လို့ အရည်​အ​သွေးစစ်​​ဆေးတဲ့အပိုင်းကို ဘယ်​လိုလုပ်​​ဆောင်​​နေပါသလဲ ဆိုတာ ကို ​မေးမြန်းတာကို ​ဆောင်​ရွက်​ပြီးစီးသွားတာ​တွေကိုပဲ တလွဲ​ဖြေဆို သွားတယ်​” ဟု တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးမျိုး​အောင်​က ​ပြောသည်​။

လွှတ်​​တော်​ကိုယ်​စားလှယ်​ဦးမျိုး​အောင်​သည်​ ၎င်း၏မဲဆန္ဒနယ်​​မြေ အတွင်းပါဝင်​​သောလက်ပံတန်းမြို့နယ်အတွင်း ​ရေကာတာတည်​​ဆောက်
နေမှုအား အရည်​အ​သွေးပြည့်​မီခြင်းရှိမရှိ မည်​ကဲ့သို့စစ်​​ဆေး ​ဆောင်​ရွက်​ထားပါသနည်းဟူ၍ ​မေးခွန်း​မေးမြန်းခဲ့ခြင်းဖြစ်​သည်​။

“ကျွန်​​တော့်​တို့အ​နေနဲ့ တည်​​​ဆောက်​​ရေးလုပ်​ငန်းအဆင့်​အား လုပ်​​ဆောင်​ခဲ့ပါတယ်​။ အဲဒီလိုလုပ်​​ဆောင်​တဲ့အခါမှာ သက်​ဆိုင်​ရာ​ဆောက်​လုပ်​ခွင့်​ရ ကုမ္ပဏီက​ပေးပို့လာတဲ့ ဒဇိုင်းအ​ပေါ်မှာအ​ခြေခံပြီး​တော့ စစ်​​ဆေးပါတယ်​” ဟု စိုက်​ပျိုး​ရေး​မွေးမြူ​ရေးနှင့်​ ဆည်​​မြောင်းဝန်​ကြီးဌာနဝန်​ကြီး ဦး​အောင်​​ဇော်​နိုင်​က အထက်​ပါ​မေးမြန်းမှုကို ပြန်​လည်​​ဖြေကြားခဲ့သည်​။

ယခုကျင်းပလျှက်​ရှိ​သော ဒုတိယအကြိမ်​၊ နဝမပုံမှန်​အစည်းအ​ဝေး ဒုတိယ​နေ့တွင်ဝန်ကြီးဌာနများအ​နေဖြင့်​ကိုယ်စားလှယ်များ၏ ​မေးခွန်းများအားပြန်​လည်​​ဖြေကြားရာတွင်​ တာဝန်​ယူ၊ တာဝန်​ခံမှုရှိရှိ ​ဖြေဆိုကြရန်​လိုအပ်​ပြီး စာဖြင့်​​ဖြေဆိုမည်​ဆိုပါက နှစ်​ပတ်​အတွင်းပြန်​လည်​​ဖြေကြားခြင်းပြုကြရန်​ လွှတ်​​တော်​ဥက္ကဋ္ဌက သတိ​ပေးခဲ့သည်​။

မိုး​မြေ

Leave a Reply