မန္တလေးမြို့အနီးတွင် ဒုတိယမြောက်ဆင်စခန်းတစ်ခု ထပ်မံဖွင့်လှစ်မည်

0
157

မန္တလေး ၊ ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၈

မန္တလေးမြို့အနီး ပြင်ဦးမြို့နယ်အတွင်းရှိ ရဲရွာရေအားလျှပ်စစ်စက်ရုံ သွား ကားလမ်းဘေး ၅ မိုင် ၅ ဖာလုံတွင် ဒုတိယမြောက် ဆင်စခန်းတစ်ခု ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း က သိရသည်။

၂၀၁၈ ခုနှစဇန်နဝါရီလ ၂၀ ရက်နေ့က မကျည်းအင်းကျေးရွာ ဝှက်ကား ရေတံခွန်အနီးတွင် ဒီးဒုတ်ရေတံခွန် ဆင်စခန်းကို ဆင်အကောင်ရေ (၆) ကောင်ဖြင့် ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် ခရီးသွားပြည်သူ (၅၀) ကျော်ဝင်ရောက် နေကြောင်း သိရသည်။

“ခုဖွင့်မယ့်ဆင်စခန်းက ဟိုတလောကဖွင့်ထားတဲ့ စခန်းနားမှာပါပဲ ။ နီးတော့ ပူးပေါင်းဆောင်ရွက်လို့လည်းရတယ်။ ခုဟာက နွေရာသီ ကျောင်းပိတ်ရက်လည်းရောက်လာပြီဆိုတော့ အများပြည်သူ အပန်းဖြေတာလည်းများလာပြီ။ ဒါ့ကြောင့် ထပ်တိုးဖွင့်တာပါ” ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း မှ မန်နေဂျာ ဦးအောင်မြင့်ဌေး က ပြောသည်။

ယခုဖွင့်လှစ်မည့် ဆင်စခန်းအသစ်တွင် ဆင်အကောင်ရေ (၆) ကောင် ပါဝင်မည်ဖြစ်ပြီး မြေဧက ၁၃၀ ကျော်ပေါ်တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်ဆင်စခန်းတွင် ဝင်ကြေးအဖြစ်တစ်ဦးလျှင်ငွေကျပ် (၁၀၀၀)နှုန်း၊ ဆင်စီးခ ငွေကျပ်(၃၀၀၀)နှုန်းသတ်မှတ်ထားပြီး အသစ်ဖွင့်မည့် ဆင်စခန်းတွင်လည်း အလာတူသတ်မှတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း က သိရသည်။

နိုင်လင်းဦး

ပုံစာ – ဒီးဒုတ်ရေတံခွန် ဆင်စခန်းကို တွေ့ရစဉ်

Leave a Reply