သစ်​​တောဥပ​ဒေပြင်​ဆင်​ချက်​အသစ်​ ယခုနှစ်​အတွင်းထွက်​ရှိရန်​ ​မျှော်​မှန်းထား

0
262

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၂၁၊၂၀၁၈

သစ်​​တောဥပ​ဒေပြင်​ဆင်​ချက်​အသစ်​ကို လွှတ်​​တော်​သို့တင်​ပြ ထားပြီး ဖြစ်​​သော​ကြောင့်​ ယခုနှစ်​အတွင်း ထွက်​ရှိရန်​ ​မျှော်​မှန်းထား​ကြောင်း သစ်​​တောဦးစီးဌာနမှသိရသည်​။

ယင်းဥပ​ဒေအသစ်​ကို ၂၀၁၇ခုနှစ်​၌ ထွက်​ရှိမည်​ဟု​မျှော်​မှန်းထား​သော်​လည်း ပြည်​​ထောင်​စုလွှတ်​​တော်​မှ အတည်​မပြု ရ​သေး​သော​ကြောင့်
ယခုနှစ်​အတွင်းမှသာ ထွက်​ရှိလာနိုင်​မည်​ဟု​မျှော်​လင့်​​ကြောင်း သစ်​​တော ဦးစီးဌာနမှ လက်​​ထောက်​ညွှန်ကြား​ရေးမှူး ဦးစိန်​မိုးက​ပြောသည်​။

“သစ်​​တောဥပ​ဒေကို ကျွန်​​တော်​တို့ဌာနကလွှတ်​​တော်​ကို တင်​ပြီးပါပြီ။ဒီဥပ​ဒေနဲ့ပတ်​သက်​ပြီး CSOနဲ့ NGO​တွေက လွှတ်​​တော်​မှာ အကြံပြု တာ​တွေလဲရှိခဲ့ပါတယ်​။ ၂၀၁၇ထဲက ထွက်​မယ်​လို့မှန်းခဲ့ တာပါ။ဒါ​ပေမယ့်​ မူဝါဒနဲ့ ဥပ​ဒေပိုင်းဆိုင်​ရာအတည်​ပြု​ရေးက အမြန်​လုပ်​မယ်​ဆိုရင်​ လိုအပ်​ချက်​​တွေအများကြီးရှိသွားနိုင်​တယ်​။ကျွန်​​တော်​တို့ဘက်​က​တော့ တတ်​နိုင်​သမျှဖြည့်​ဆည်းပြင်​ဆင်​ပြီးပါပြီ။ဒါကိုအမြန်​ထွက်​ရှိဖို့က သက်​ဆိုင်​ရာအဖွဲ့က​နေ ဦးစား​ပေး​ဆောင်​ရွက်​ရင်​ အမြန်​ထွက်​ရှိနိုင်​မယ်​လို့ထင်​ပါတယ်​။”ဟု၎င်းက​ပြောသည်​။

ဥပ​ဒေပြင်​ဆင်​​ရေးဆွဲ​ခြင်းကိစ္စရပ်​များကိုလွှတ်​​တော် ​​ဥပ​ဒေ မူကြမ်း
ကော်​မတီသို့ရှင်းလင်းတင်​ပြခဲ့ပြီးဖြစ်​ကာ အမျိုးသားလွှတ်​​တော်​နှင့်​ ပြည်​သူ့လွှတ်​​တော်​ကိုလည်းတင်​ပြထားပြီးဖြစ်​​ကြောင်း​သိရသည်​။

၁၉၉၂ခုနှစ်​ကပြဌာန်းခဲ့သည့်​ ယင်းသစ်​​တောဥပ​ဒေကို ​ခေတ်​စနစ်​နှင့်​ အညီ၂၀၁၆ခုနှစ်​မှစတင်​၍ အသစ်​ပြင်​ဆင်​​ရေးဆွဲခဲ့ဖြစ်ပြီး လက်ရှိတွင် အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​များနှင့်​ ဥပ​ဒေပြု​ရေးဆိုင်​ရာ အဖွဲ့အစည်းများမှ ဦးစား​ပေး​ဆောင်​ရွက်​မည်​ဆိုပါက အမြန်​ဆုံးထွက်​ရှိလာနိုင်​​ကြောင်း၎င်းက​ပြောသည်​။

ဝေ​ဝေဖြိုး

Leave a Reply