စင်​ကာပူတွင်​ပြသမည့်​အိမ်​ခြံ​မြေအ​ရောင်းပြပွဲတွင်​တိုက်​ခန်းနှင့်​ကွန်​ဒို များကိုအရစ်​ကျ​​ရောင်းချ​ပေးမည်

0
183

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၂၁၊၂၀၁၈

စင်​ကာပူနိုင်​ငံတွင်​ပြုလုပ်မည့် ပဉ္စမအကြိမ်​မြောက်​ အိမ်ခြံမြေ အရောင်းပြပွဲတွင်​ မြန်​မာနို​င်​ငံရှိတိုက်​ခန်းနှင့်​ ကွန်​ဒိုများကို အရစ်​ကျ​ရောင်းချ​ပေးမည်​ဖြစ်​​ကြောင်း iMyanmarHouse.com မှသိရသည်။

အဆိုပါပြပွဲကိုယခုလ ၂၄ရက်​နှင့်​၂၅ရက်​တို့တွင်​ စင်ကာပူနိုင်ငံရှိ Peninsula Excelsior Hotel တွင် မြန်​မာနိုင်​ငံ၏အိမ်​ခြံ​မြေ ​ရောင်း၊ဝယ်​၊ငှါး ဝဘ်​ဆိုဒ်​ဖြစ်​သည့် iMyanmarHouse.comမှ ကြီးမှူး၍ ကျင်းပပြုလုပ်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

ရန်ကင်း ၊ မရမ်းကုန်း ၊ ကမ္ဘာအေး ၊ ပါရမီ ၊ လှည်းတန်း ၊ တောင်ဥက္ကလာ ၊ သင်္ဃန်းကျွန်း ၊ ဒေါပုံ ၊ သာကေတ ၊ မြောက်ဥက္ကလာ ၊ မြောက်ဒဂုံ ၊ လှိုင် ၊ လှိုင်သာယာ နှင့် ဘုရင့်နောင် စသည့်​ မြို့နယ်များမှ တိုက်ခန်းနှင့် ကွန်ဒိုပေါင်းများစွာကို ပြပွဲ (၂) ရက်အတွင်း ရွေးချယ်ဝယ်ယူနိုင် မည်ဖြစ်​​ကြောင်း​သိရသည်​။

ယင်းမြို့နယ်​များရှိ တိုက်​ခန်းနှင့်​ကွန်​ဒိုများ၏​ဈေးနှုန်း​များမှာ အနည်းဆုံး ကျပ်သိန်း(၂၀၀) ကျော်မှ အများဆုံး သိန်း (၅၀၀၀) ကျော် အထိ ရှိပြီး လစဉ် (၃) သိန်းခန့်မှစတင်ပေးသွင်းနိုင်​ကြောင်း iMyanmarHouse.com ၏ မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူက​ပြောသည်​။

ပုံမှန် ဝင်ငွေရှိသူတိုင်း အိမ်ပိုင်ဆိုင်နိုင်ရန် ရည်ရွယ်၍ ယင်းတိုက်​ခန်းနှင့်​ ကွန်​ဒိုများကိုအရစ်ကျစနစ်များဖြင့့်ထည့်သွင်းရောင်းချပေးသွားမည်​ဖြစ်​​ပြီး
Star City ၊ SMT Construction ၊ River Front Garden ၊ Kanbae Towers ၊ Golden City ၊ The Leaf Residence နှင့် KER Condo တို့ကို ဘဏ်များနှင့် ချိတ်ဆက်၍ နှစ်ရှည်ငွေပေးချေ စနစ်များဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၂၁၊၂၀၁၈

Leave a Reply