မန်ယူနောက်ခံလူ ရိုဂျိုကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ PSG အသင်း

0
184

ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၈

ဥရောပအားကစားသတင်းများရဲ့ ရေးသားမှုအရ ပြင်သစ်ကလပ် PSG အသင်းဟာ မန်ယူနောက်ခံလူ ရိုဂျိုကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ခေါ်ယူမယ်လို့ သိရပါတယ်။

အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူဟာ မန်ယူနည်းပြ မော်ရင်ဟို လက်ထက်မှာ ပုံမှန်နေရာ ရရှိဖို့အတွက် ရုန်းကန်နေရသူ ဖြစ်ပါတယ်။ PSG အသင်းဟာ သူတို့ရဲ့ နောက်တန်းနေရာကို ပြင်ဆင်နိုင်ဖို့အတွက် ရိုဂျိုကို အလိုရှိနေခြင်း ဖြစ်ပါတယ်။

ရိုဂျိုဟာ ၂၀၁၆ ခုနှစ်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၆သန်းနဲ့ မန်ယူအသင်းကို စတင်ရောက်ရှိခဲ့ပါတယ်။ သူဟာ လက်ရှိမှာ အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး မန်ယူအသင်းနဲ့အတူ FA ဖလား ၊ ကာလင်းဖလား ၊ ယူရိုပါလိဂ်ဖ လားများကို ရယူထားနိုင်သူ ဖြစ်ပါတယ်။

ESPN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုအရ PSG အသင်းဟာ ရိုဂျိုကို ခေါ်ယူဖို့သတင်းကို ငြင်းဆိုထားပါတယ်။

NN

Leave a Reply