ချယ်လ်ဆီးနဲ့ (၉)ကြိမ်မြောက်တွေ့ဆုံမှုမှာ ဂိုးမသွင်းနိုင်တဲ့ စံချိန်ကို ရပ်တန့်လိုက်တဲ့ မက်ဆီ

0
172

ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၈

ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ကမ္ဘာကျော် တိုက်စစ်မှူး မက်ဆီဟာ ယနေ့မနက်က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဘက်ကို ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီဟာ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၈ကြိမ် ရရှိထားပြီး ဥရောပအကောင်းဆုံး ဘောလုံးသမားဆု ၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတွေကို ရရှိထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ အင်္ဂလန်ကလပ် ချယ်လ်ဆီးအသင်းနဲ့ (၈)ကြိမ်တွေ့ဆုံမှုမှာ တစ်ကြိမ်မှ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

မက်ဆီဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ကစားခဲ့တဲ့ ချယ်လ်ဆီး – ဘာစီလိုနာ ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အဆိုပါသွင်းဂိုးကြောင့် ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဖိုးတန် အဝေးဂိုးတစ်ဂိုးနဲ့ သရေရမှတ် တစ်မှတ်ကို ပိုင်ဆိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် အခြေအနေကောင်းတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ မက်ဆီဟာလည်း ချယ်လ်ဆီးနဲ့ တွေ့ဆုံးတိုင်း ဂိုးမသွင်းနိုင်ခဲ့တဲ့ သမိုင်းကို ယနေ့ မနက်ပွဲစဉ်မှာ ချေဖျက်နိုင်ခဲ့ပါတယ်။

NN

Leave a Reply